Thursday, December 23, 2010

“ကြက်သားကြော်၊ အစိမ်းကြော်၊ ချဉ်စော်ကားသီးဟင်းရည်”

ဒီနေ့လည်း ဆီပြန်ဟင်းချက် မစားချင်တာနဲ့ ကြက်သားကြော် စားဖြစ်တယ်။ ကြက်သားကို ရေဆေး၊ အနေတော် တုံးပြီး အချိုမှုန့်၊ ဆား၊ ပဲငံပြာရည် အကြည်ရည်၊ ဂျင်းရည်( ဂျင်းကို ညက်ညက်ထောင်းပြီး ညှစ်ထည့်တာပါ) ၊ တရုတ်မဆလာ တို့နဲ့ ရောနယ်ပြီး တစ်နာရီလောက် နှပ်ထားပါတယ်။ ပြီးမှ ဆီများများ ပူပူမှာ တစ်တုံးစီ ထည့်ပြီး ကျွတ်နေအောင် ကြော်ပါတယ်။

ကြက်သားကြော်နဲ့ စားဖို့ အစိမ်းကြော်ကို ကြက်အမြစ်ကလေးနဲ့  ကြော်လိုက်သေးတယ်။ ကြက်အမြစ် တွေကို အတုံး သေးသေးလေးတွေ တုံးပြီး ဆား၊ အချိုမှုန့်နဲ့ နယ်ထားတယ်။ ပန်းဂေါ်ဖီ၊ ဂေါ်ဖီ၊ ရွှေပဲသီး၊ ဘိုစားပဲ၊ မှို၊ ပြောင်းဖူးအသေး၊ မုန်လာဥနီ စတာတွေကို ရေဆေးပြီး သင့်သလို လှီးဖြတ်ထားတယ်။ ကြက်အမြစ်ကို ရေလေး နည်းနည်းနဲ့ နူးရုံပြုတ်ပါတယ်။ ပြီးရင်ဆယ်ထားပြီး ဒယ်အိုးထဲကို ဆီထည့်ပြီး ကြက်သွန်နီ ပါးပါးလှီးထားတာ ဆီသတ်ပါတယ်။ ကြက်အမြစ်လေးတွေ ထည့်မွှေပါတယ်။ ခဏမွှေပြီးမှ အသီးအရွက်တွေ ထည့်ပါတယ်။ မှိုနဲ့ ပြောင်းဖူးကို နောက်ဆုံးမှ ထည့်ပါတယ်။ ဆား၊ အချိုမှုန့်ထည့် အပေါ့အငံ ပြင်ပါတယ်။

အရည်သောက်တော့ ချက်ဖို့ အချိန်မရတော့တာနဲ့ အလွယ်တကူ ရွှေပန်းပွင့်တံဆိပ် ချဉ်စော်ကား ဟင်းရည်လေး လုပ်လိုက်ပါတယ်။ အထုပ်ထဲမှာပါတဲ့ ချဉ်စော်ကားထုပ်နဲ့ အသားမှုန့်ထုပ်ကို ပန်းကန်ထဲ ထည့်ပြီး ရေနွေးပူပူ လောင်းထည့်လိုက်တာပါပဲ။ လွယ်လွယ်ကူကူနဲ့ သောက်လို့ ကောင်းတာမို့ ကျွန်မတော့ ကြိုက်ပါ တယ်။


ကြက်သားကြော် ကျွတ်ကျွတ်လေးပါ




ဒါက အစိမ်းကြော် ကြော်ဖို့ လှီးဖြတ်ထားတာလေးတွေ




ကြက်အမြစ်နဲ့ကြော်တဲ့ အစိမ်းကြော် ပူပူလေး ရပါပြီ




ဒါလေးက အလွယ်တကူရတဲ့ ချဉ်စော်ကားသီး ဟင်းရည်လေး




ဟောဒီ အထုပ်လေးကို ရေနွေးဖျောလိုက်တာ



5 comments:

Baby taster said...

အိမ်မှာလည်း ကြက်မြစ်တွေပဲ
ဝယ်လာတာ ၁ပတ်လောက်ရှိပြီ
မျှစ်နဲ့ ကြော်မလို့ လိုအပ်တဲ့အရွက်ကလေး
မ၀ယ်လာမိဘူး။ ဒီနေ့ ဟင်းတွေ အကုန်ကြိုက်စ်၏
Merry Christmas par nya lay yay

rose said...

ပါရီမီဖြည့်ဖက်လေး ပာင်းတွေ ကောင်းတယ်နော်။ လာစားသွားပြီ။ ချဉ်စော်ကားသီး ဆိုတာတော့ တစ်ခါမှ မစားဖူးလို့ ကိုယ့်အတွက် အဆန်း ဖြစ်နေတယ်း)

Sunny said...

ပါရမီဖြည့်ဖက်လေးရဲ့  ဟင်းတွေ အကုန်လာစားသွားပါတယ်..

Anonymous said...

" HAPPY MERRY CHRISTMAS " ပါ။
ပျော်ရွှင်ပါစေ မရေ။ :)
..ခင်မင်လျှက်..ခင်မာလာအောင် :)

ချော(အစိမ်းရောင်လွင်ပြင်) said...

ပန်းကန်လေးတွေက ချစ်စရာ
ကြည့်တာနဲ့ စားချင်လာပြီး)

Post a Comment

ကျွန်မအတွက် အမှတ်တရစကားလေးတွေ ချန်ထားပေးခဲ့လို့ ကျေးဇူးပါနော်.....

Related Posts Plugin for WordPress, Blogger...