ဒီနေ့တော့ ခရမ်းချဉ်သီးငါးပိချက်လေး ချက်ဖြစ်ပါတယ်။ ခရမ်းချဉ်သီးငါးပိချက် ချက်ရတာက လွယ်ပါတယ်။ ပထမဆုံး ကြက်သွန်ဖြူ၊ နီ ထောင်းပါတယ်။ ခရမ်းချဉ်သီးတွေကို ရေဆေးပြီး လှီးထားပါတယ်။ မီးဖိုပေါ် ဆီအိုးတင်၊ ဆီပူရင် နနွင်းမှုန့်လေးအနည်းငယ်ထည့်ပြီး ကြက်သွန်ဖြူ၊ နီ၊ အရောင်တင်မှုန့် ထည့်ပြီး ဆီသတ်ပါတယ်။ ကြက်သွန်ကျက်ရင် ပုဇွန်ခြောက်မှုန့်ထည့် ဆီသတ်ပါတယ်။ ငါးပိစိမ်းစားကို ရေကျက်အေးလေးနဲ့ ဖျော်ပြီး ထည့်ပါတယ်။ ရေခမ်းရင် လှီးထားတဲ့ ခရမ်းချဉ်သီး ထည့်ပါတယ်။ ငံပြာရည်၊ (အချိုမှုန့် သုံးလျှင်ထည့်) ထည့်ပါတယ်။ ခရမ်းချဉ်သီးတွေ လိပ်ပြီး ဆီပြန်လာအောင် တည်ပေးပါတယ်။ ခရမ်းချဉ်သီးလေးတွေ လိပ်ပြီး ဆီပြန်လာရင် ငရုတ်သီးစိမ်း ခြမ်းထည့်ပါတယ်။ နံနံပင်ရေဆေးပြီး လှီးဖြတ်ထည့်ပါတယ်။ ဒါဆို ခရမ်းချဉ်သီး ငါးပိချက် မွှေးမွှေးလေး ရပါပြီ။ အိမ်မှာ ဘာဟင်းပဲချက်ချက် တွဲဖက်စားလို့ကောင်းပါတယ်။ ကျွန်မကတော့ များများလေး ချက်၊ ဗူးနဲ့ထည့်ပြီး ရေခဲသေတ္တာထဲ ထည့်ထား ပါတယ်။ နောက်နေ့တွေလည်း စားလို့ရအောင် ပေါ့။
Welcome Back !!!!
-
ကျနော့်ဘလော့ကို ပြန်ဖွင့်ချိန်ဟာ တိုက်တိုက်ဆိုင်ဆိုင် April
တစ်ရက်နေ့ဖြစ်နေတယ်... ။ တကယ်တမ်းကျတော့ တိုက်ဆိုင်မှုဆိုတာ လောကမှာမရှိပါဘူး
လူတစ်ယောက်ဟာ ဘာပြ...
7 hours ago
7 comments:
ခရမ်းချဉ်သီး ငါးပိချက်လေး စားချင်လိုက်တာ..
Same here Sunny, wanna eat that too!
ခရမ်းချဉ်သီးချက်မှာ ငါးပိလေးပါ ထည့်ထားတော့ အကြိုက်ပဲ။ သရေကျသွားတယ်။
ဗိုက်ဆာလာပြီမမရေ...အိမ်ကိုလွမ်းလာပြီ...
My favorite dish. Yummy...my mouth is watering.
Iora
ခုတလော ကော်မန့်ပေးရခက်နေတာ ကော်နက်ရှင်ကြောင့်လေ
အစောက လာပေးတာမရလို့ ခုပြန်လာတာ
ခရမ်းချဉ်သီး ငပိချက်နဲ့ ထမင်းလေးနဲ့ နယ်စားလိုက်ရရင် ဆွေမျိုးမေ့သွားမယ် ထင်တယ်နော်။။
ရှိသေးရင် နည်းနည်းကျွေးပါး)
စားချင်တယ်ဗျို့ 
ဆီများတယ်.. အချို မုန့် မကြိုက်ပါ.. မစားသင့်ဟု ထင်ပါတယ်.. ဟင်းတွေမှာ နဂိုသဘာဝအရသာရှိပီးသားမို့ အချို မုန့်က ရောဂါဖြစ်စေပါတယ်..
Post a Comment
ကျွန်မအတွက် အမှတ်တရစကားလေးတွေ ချန်ထားပေးခဲ့လို့ ကျေးဇူးပါနော်.....