မနေ့က (၁၁.၁၂.၂၀၁၀) စာရေးဆရာ အလုပ်ပိတ်ရက်မို့ မီးဖိုချောင် ပစ္စည်းလေးအချို့ လိုချင်တာနဲ့ ဈေးဝယ် ထွက်ဖြစ်တယ်။ Mustafa Centre ကို သွားကြတယ်။ ကျွန်မလည်း ပစ္စည်းရွေးရင်း အပေါ်တက်လိုက်၊ အောက် ဆင်းလိုက်နဲ့ တော်တော်ညောင်းပါတယ်။ စာရေးဆရာလည်း ခြင်းလေးနဲ့ အနောက်က လိုက်ပါတယ်။ ထုံးစံ အတိုင်း ရွေးလို့မပြီးနိုင်ဘူးပေါ့။ မ၀ယ်ဘဲနဲ့ လျှောက်ကြည့်တာတွေ လည်း ပါသေးတယ်လေ။း-)
ဒါလေးက စာအုပ်တွေရောင်းတဲ့ ဘက်မှာ မွှေနေတာ၊ ကလေးတွေ စာသင်တဲ့စာအုပ်။ သင်စရာ ကလေး လည်း မရှိဘဲနဲ့ ခုလိုစပ်စုလိုက်သေးတယ်။
နောက်ပြီး ထိုင်းဟင်းချက်နည်း စာအုပ်ကို ငမ်းနေတာ
ပန်းကန်တွေ၊ အိုးတွေခွက်တွေ ဘက်သွားတယ်
ဒါလေးတွေ ၀ယ်ခဲ့တယ်
မ၀ယ်ဘဲလျှောက်ကြည့်ခဲ့တာတွေ
ဒီ အကောင်လေးကို အိမ်ခေါ်သွားချင်လို့ စာရေးဆရာကို နားငြီးအောင် ဂျီကျပစ်လိုက်တယ်။ သူလည်း နားအေး အောင် အိမ်ခေါ်လာခွင့် ပေးလိုက်တယ်။ သူ့ကို ကျွန်မက နာမည်ပေးမလို့။ စာရေးဆရာက အမ လေးပါ ဆိုတာနဲ့ 'ဖွေးဖွေး' လို့ ပေးလိုက်တယ်။ ချစ်စရာလေးနော်။
အိမ်ရောက်တော့ ကျွန်မတို့ အိပ်ရာပေါ်မှာ မိန့်မိန့်ကြီး
ပြီးတော့ ဒီလိုလေး အိပ်တယ်။ ငပျင်းလေးနော်
ဒီလိုလည်း လှိမ့်သေးတယ်း-)
Mustafa Centre ကပြန်တော့ အိမ်တန်းမပြန်သေးဘဲ Orchard သွားသေးတယ်။ Christmas နီးတော့ မီးတွေနဲ့ အရမ်းလှတာပဲ။ ရန်ကုန်က သီတင်းကျွတ်ကို သတိရလိုက်တာ။
ဒီအသည်းပုံလေးတွေကို သဘောကျလိုက်တာ
အိမ်ကနေ နေ့လယ်စာ စားပြီးကတည်းက ထွက်သွားလိုက်တာ Mustafa မှာ တော်တော်လေး ပတ်ပြီး ပြန်ထွက်လာတော့ ညနေ ၆နာရီခွဲနေပြီ။ ဒါကို အိမ်မပြန်သေးဘဲ Orchard ၀င်ပြီး ဓါတ်ပုံတွေရိုက်၊ ဟို လျှောက်ကြည့်၊ သည်လျှောက်ကြည့်နဲ့ အိမ်ပြန်တော့ လမ်းမှာ နှစ်ယောက်သား ဗိုက်ဆာလိုက်တာ။ အိမ်ကို ရောက်တော့ ၉နာရီ ကျော်နေပြီ။ ထမင်းစားပြီးတော့ ၁၀နာရီ။ တစ်နေ့လုံး လျှောက်လိုက်တဲ့ လမ်း။ အိမ် ရောက်တော့ ခြေထောက်တွေကို တောင့်လို့။ ပင်ပန်းလိုက်တာ။ ဒါပေမဲ့ ဒီလို ပိတ်ရက်လေးမှာ စာရေးဆရာနဲ့ နှစ်ယောက်သား ပျော်ပျော်ပါးပါး လျှောက်သွားရတာ၊ တွေ့ခဲ့ မြင်ခဲ့ ရတာ လေးတွေ ပြန်တွေးလိုက်တော့ ပင်ပန်းတာလေးတွေ၊ အမောလေးတွေတော့ ပျောက်သွား ပါတယ်ရှင်။ ကြည်နူးစရာပေါ့နော်။ ။
ပါရမီဖြည့်ဖက်လေး
၁၄း၀၀ နာရီ
၁၂.၁၂.၂၀၁၀
4 comments:
ပန်ကန်လေးတွေ လှပါ၏
ဓါတ်ပုံလေးတွေ ကြည့်သွားပါ၏
ပျော်တယ်ဆိုလို့ ၀မ်းသာပါ၏
ခြေထောက်တွေ ညောင်းတယ်
ဆိုလို့ တီနားပါ၏ :)
comment မှာ မမဘေဘီနှင့် အတူတူ.. :)
ပာုတ်တယ်...ပန်းကန်လေးတွေ လှတယ်။ အရွေးတော်တယ်။ အရုပ်လေး ဖွေးဖွေးက ချစ်စရာလေးနော်။ ရို့စ်လည်း အရုပ်ကြိုက်တယ်။ အိမ်မှာ အရုပ်တွေ အများကြီးပဲ။ ကလေးကြီးလေ ခိခိး)
ပန်းကန်လေးတွေက ချစ်စရာလေးတွေ.. အရုပ်ကလေးဖွေးဖွေးက သားသားနဲ့ဆင်တူပဲ.. သားသားအရုပ်လေးနာမည်က ၀ှိုက်တီတဲ့..း)
Post a Comment
ကျွန်မအတွက် အမှတ်တရစကားလေးတွေ ချန်ထားပေးခဲ့လို့ ကျေးဇူးပါနော်.....