Sunday, December 19, 2010

“၀က်သားပေါင်း၊ လက်ဖက်ရည်နဲ့ မက်မပြေစရာ သွားရည်စာ”

ရုံးပိတ်ရက် နေ့ခင်းပိုင်းမှာ ဗိုက်ဆာတာနဲ့ နေ့လယ်စာ အဆာပြေ အဖြစ် ၀က်သားပေါင်းလေး ပေါင်းစား ဖြစ်ပါတယ်။ ၀က်သားကြိတ်ပြီးသား ၀ယ်ထားတာ အခန့်သင့်ရှိတာနဲ့ လုပ်စားဖြစ်သွားတာပါ။ ၀က်သား စင်းထားတာတွေကို ရေဆေးပြီး ဇကာနဲ့ ရေကုန်အောင် စစ်ပါတယ်။ ရေစစ်သွားမှ ကြက်သွန်ဖြူ သုံးမွှာ ညက်ညက်ထောင်း ထားတာရယ်၊ ပဲငံပြာရည် အကြည်ရည်ရယ်၊ အချိုမှုန့်ရယ် နယ်ပြီး ခဏနှပ်ထားပါတယ်။ ခဏနေမှ ၀က်သားတွေကို ကြွေပန်းကန်လုံးထဲ ထည့်ပါတယ်။ ပေါင်းအိုးထဲမှာ ပန်းကန်လုံး တစ်ဝက် မြုပ်ရုံ ရေထည့်ပါတယ်။ ပြီးတော့ ၀က်သားပေါင်း ပန်းကန်ထဲ ပေါင်းအိုး အဖုံးက ချွေးကျတာတွေ မ၀င်အောင်  အဖုံးလေးဖုံးပြီး ၀က်သားပေါင်း ပန်းကန်ကို ပေါင်းအိုးထဲ ထည့်ပါတယ်။ ပြီးတော့ ပေါင်းအိုးမီး ဖွင့်ပြီး ၄၅မိနစ် လောက် ပေါင်းပါတယ်။ ဒါဆိုရင် ၀က်သားပေါင်းလေးကို  Chilli Sauce လေးနဲ့ တွဲဖက် စားလို့ရပြီပေါ့။

ကျွန်မတို့ နှစ်ယောက်စလုံးက လက်ဖက်ရည် ကြိုက်သူတွေမို့ ၀က်သားပေါင်းနဲ့ တွဲဖက် သောက်ဖို့ လက်ဖက်ရည် ဖျော်ဖြစ်တယ်။ ကျွန်မတို့ ရန်ကုန်အိမ်မှာတော့ နံနက်တိုင်း လက်ဖက်ရည်ကို များများဖျော်ပြီး တစ်အိမ်သားလုံး သောက်လေ့ရှိပါတယ်။ အခု ဒီမှာတော့ ပုံမှန် ရုံးဖွင့်ရက်တွေမှာ အလွယ်တကူ ကော်ဖီပဲဖျော် သောက်တာပါ။ ပိတ်ရက်လို အချိန်ရတဲ့ ရက်မှာတော့ လက်ဖက်ခြောက်လေး နှပ်ပြီး လက်ဖက်ရည် ဖျော်သောက် ဖြစ်ပါတယ်။ ခုလည်း ရန်ကုန်က ကျွန်မ ဘိုးဘိုးတို့ ပို့ပေးထားတဲ့ ရွှေပလောင် လက်ဖက်ခြောက်လေးကို ဆားလေး တစ်ပွင့်နှစ်ပွင့်နဲ့ ကျနေအောင်နှပ်ပြီး နို့ဆီ၊ သကြားတို့နဲ့ ဖျော်သောက် ပါတယ်။ ကျွန်မက လက်ဖက်ရည်ကို ဆိုင်တွေမှာ ရောင်းတဲ့ ပန်းကန်လုံးလောက်နဲ့ အားမရ ပါဘူး။ ခွက်ကြီး ကြီးနဲ့ အားရပါရ သောက်ရတာ ကြိုက်ပါတယ်။ ဒါကြောင့် ခုလိုပဲ အားရပါးရ ဖျော်သောက်လိုက်တယ်။


အဆာပြေ ၀က်သားပေါင်းနဲ့ ငရုတ်ဆီချဉ်


လက်ဖက်ရည် ကျဆိမ့်လေး၊


ဟောဒီ ခွက်နဲ့ တစ်ခွက်သောက်ရတာတောင် မ၀ချင်ဘူးး-)

7 comments:

khin oo may said...

သောက်လို့မဝချင်ပပေမဲ့ လူကြီးက ဝလာလိမ့်မယ်။ ကြည့်..ဒီလောက်စားကောင်းသောက်ဖွယ်တွေ စားနေရရင်..

khin oo may said...

စားချင်ထှာ

Baby taster said...

ဝက်သားမစားပါး(
ဝက်သားပေါင်းမှာ ကြက်ဥ/ ဘဲဥ မပါဘူးလားဟင်

Sunny said...

အဆာပြေလေး စားချင်တယ်.. လက်ဖက်ရည်လည်း သောက်ချင်တယ်.. မမဘေဘီပြောသလို ကြက်ဥ/ ဘဲဥ လေးထည့်ရင် ပိုပွမယ် ထင်တယ် ညလေး.. ပြီးတော့ ကြားထဲမှာ ပဲပြားလေးတွေ ညှပ်ပြီး ထည့်ရင်လည်း ပိုစားကောင်းတယ်.. ဟိုတလောကမှ ပေါင်းစားထားတာမို့ နည်းနည်းလျှာရှည်ပါရစေ. ဟိဟိ

ပါရမီဖြည့်ဖက်လေး said...

မမဘေဘီနဲ့ မမဆန်းနီရေ - အရင်ပေါင်းစားတုန်းကတော့ ကြက်ဥ ထည့်ဖြစ်ပါတယ်။ ဒီနေ့တော့ ကြက်ဥ ကုန်နေလို့း-)
မနေ့က ဈေးသွားတာ ကြက်ဥမေ့ကျန်ခဲ့တယ်။ ပဲပြားတော့ ထည့်မပေါင်းဖူးသေးဘူး။ နောက်တစ်ခါမှ စမ်းကြည့်ဦးမယ်။

မြူးမြူး said...

ဗိုက်တောင်ဆာလာပြီ.. ၀က်သားပေါင်းနဲ့ လက်ဖက်ရည်လေး ခုနေများစားလိုက်ရလို့ကတော့ .. ဟင်း.. သွားရည်တောင်ကျတော့မယ်ကွာ.. နှိပ်စက်ချက်ကတော့.. ;)

kyawkyawoo said...

အစားအစာနဲ့ပတ်သက်တဲ့နည်းလေးတွေပေးတဲ့အတွက်ကျေးဇူးအထူးတင်ပါတယ်နောက်လည်းနည်းသစ်လေးတွေတင်ပေးပါဗျာ။ချမ်းသာပါစေ။Thank you

Post a Comment

ကျွန်မအတွက် အမှတ်တရစကားလေးတွေ ချန်ထားပေးခဲ့လို့ ကျေးဇူးပါနော်.....

Related Posts Plugin for WordPress, Blogger...