Tuesday, December 21, 2010

“၀က်အူချောင်း ထမင်းကြော်”

ဒီနေ့ နေ့လယ်မှာ စောစောစီးစီး ဗိုက်ကဆာနေတယ်။ ဘီစကွတ်ကြီး မစားချင်တာနဲ့ မိုးလင်း ကတည်းက ကော်ဖီ တစ်ခွက်ပဲ သောက်ဖြစ်လို့ ထင်တယ်။ မနေ့က ဘာဟင်းမှ မချက်တော့ စားစရာလည်း မရှိဘူး။ မနေ့က ကျန်တဲ့ ထမင်းတော့ရှိတယ်။ ဒါနဲ့ ထမင်းကြော် ကြော်စားဖြစ်တယ်။ အသားထည့်ကြော်ရင် ရေခဲသေတ္တာထဲမှာ ခဲနေတဲ့ အသားကို ရေခဲပျော်အောင် စောင့်ရဦးမယ်။ အဲဒီလောက် ကျွန်မဗိုက်က မစောင့်နိုင်တော့ဘူး ;-P ။ ဒါနဲ့ ၀က်အူချောင်းတွေ ရှိနေတော့ အတော်ပဲ ဆိုပြီး ၀က်အူချောင်းနဲ့ ကြော်စားတယ်။ ပြောင်းဖူးအသေး၊ ဘိုစားပဲသီးနဲ့ မုန်လာဥနီ လည်း ထည့်တယ်။ ကြက်သွန်နီ ဆီသတ်ပြီး ၀က်အူချောင်း တစ်စောင်းလေးတွေ လှီးထားတာ ထည့်ကြော် တယ်။ ပြောင်းဖူးအသေး ကို တစောင်းလေး တွေ လှီးပြီး ထည့်တယ်။ ဘိုစားပဲနဲ့ မုန်လာဥနီကို သေးသေး လေးတွေ လှီးထည့်တယ်။ ထမင်းကို ချေပြီး ထည့်တယ်။ ဆား၊ အချိုမှုန့်၊ ခရုဆီ ထည့်ကြော်ပြီး  စားလိုက်တယ်။  အိမ်မှာ ကြက်ဥ ကုန်နေလို့ ကြက်ဥ တောင် မပါဘူး။ ဗိုက်ဆာဆာနဲ့ စားလို့ ကောင်းလိုက်တာ။ အရင်ကဆို ထမင်းကြော် ကြော်စားရင် ရင်ပြည့်ပြီး ကုန်အောင် မစားနိုင်တာ များတယ်။ ဒီနေ့တော့ တစ်ပန်းကန်လုံး ကုန်သွားတာ ပြောင်ရောပဲ။ သြော် - မစားခင် ပို့စ်တင်ဖို့ ဓါတ်ပုံလေး ကမန်းကတန်း ရိုက်ရသေးတယ်း-)

ကျွန်မရဲ့ဝက်အူချောင်း ထမင်းကြော်


ကျွန်မရဲ့မိတ်ဆွေတွေ တစ်ပန်းကန်တည်းနဲ့ မ၀ကြမှာဆိုးလို့ပါ

2 comments:

Sunny said...

ထမင်းကြော်လေးက အရောင်စုံပဲ.. လှလိုက်တာ.. ကော်ဖီလေးနဲ့ ရှယ်ပေါ့..

ချော(အစိမ်းရောင်လွင်ပြင်) said...

အိုး
စားကောင်းချင်စရာလေး
လှလဲလှ.. အရသာလဲရှိ
အပေါ်က ဆန်းနီ သွားရေတောက်တောက်ကျသွားပုံရတယ်
ဒီထိတောင် လာစင်တယ်..း)

Post a Comment

ကျွန်မအတွက် အမှတ်တရစကားလေးတွေ ချန်ထားပေးခဲ့လို့ ကျေးဇူးပါနော်.....

Related Posts Plugin for WordPress, Blogger...