Friday, December 3, 2010

“တစ်ခါတစ်ရံ အပျော် ကြာဇံကြော်”

နေ့လယ်စာကို ကျွန်မ တစ်ယောက်တည်း စားရလေ့ရှိပါတယ်။ စာရေးဆရာက အလုပ်သွားတာကိုး။ ဒီတော့ ကျွန်မ တစ်ယောက်တည်း စာရေးဆရာ မကြိုက်တဲ့၊ ကျွန်မ ကြိုက်တဲ့ အစားအစာများကို လုပ်စားလေ့ ရှိပါတယ်။ ကိုယ်တစ်ယောက်တည်းဆိုတော့ ကိုယ်ကြိုက်တာကိုယ် စားတာပေါ့နော်။ တစ်ခါတလေဆိုတော့ လည်း ကိုယ့်ဘာသာ အပျော်သဘောမျိုးနဲ့ လုပ်စားတဲ့ သဘောပါ။

အိမ်ရှင်မတွေဟာ အားလုံး အတူတူပဲ ထင်ပါရဲ့။ မိသားစု ထမင်းဝိုင်းအတွက် ကိုယ်ကြိုက်တာကို နောက်ဆုတ်ပြီး ကိုယ့် အိမ်ထောင်ဦးစီး၊ ကိုယ့်သားသမီးတွေ အကြိုက်ကို ရှေ့တန်းတင်ကြရလေ့ ရှိတယ်လေ။ ကျွန်မ ဘွားဘွား ဆိုလည်း ဘိုးဘိုးကြိုက်တာကို ဦးစားပေးရတယ်။ ကျွန်မ အိမ်ထောင် မကျမီကဆို ဘွားဘွား ကလည်း ဘိုးဘိုးကိုပဲ ဦးစားပေးနေတာပဲ ဆိုပြီး မလိုတမာလေး ပြောလေ့ ရှိပါတယ်။ အခု ကျွန်မ အိမ်ထောင်ကျတော့ ကျွန်မ သိသွားပြီလေ။ အိမ်ရှင်မတွေဟာ ခင်ပွန်းသည် အကြိုက်ကို ဦးစားပေးကြပါလား ဆိုတာလေ။ အိမ်ထောင်ဦးစီးတွေက အတင်းအကျပ် သူတို့ကို ဦးစားပေးခိုင်းတာ မဟုတ်သည့်တိုင် ကျွန်မတို့ အိမ်ရှင်မတွေက သူတို့ကို ဦးစားပေးရတာကိုပဲ ကျေနပ် နေကြတယ် ထင်ပါ့။

အဲဒီ့တော့ ဒီနေ့ နေ့လယ်စာကို ကျွန်မရဲ့အိမ်ထောင်ဦးစီး စာရေးဆရာ အလုပ်သွားနေတုန်း သူ မကြိုက်ပေမယ့် ကျွန်မ အလွန်ကြိုက်တဲ့ ကြာဇံကြော်လေး ကြော်စားဖြစ်တယ်။ သူက ကြာဇံကြော် မကြိုက်ဘူး။ သူက ကျွန်မကိုပြောဖူးတယ်။ ကျွန်မက ကြာဇံကြော်၊ မုန့်ဟင်းခါး၊ ရခိုင်မုန့်တီ စတာတွေ ကြိုက်လို့တဲ့။ အမျှင်သေး တဲ့ အစာတွေ အတော်ကြိုက်တဲ့ ကောင်မလေးတဲ့။ အဲဒီ့ စကားကို ကျွန်မနဲ့ သူ ချစ်သူဘ၀ ကတည်းက ပြော တာပါ။ 

ကြာဇံကြော်ဖို့ အိမ်မှာ ၀က်သားနဲ့ ၀က်အူချောင်း ရှိတယ်။ ဂေါ်ဖီနဲ့ မုန်လာဥနီလည်း ရှိတယ်။ ဒီတော့ ကမန်း ကတန်းလေး ကြော်ပြီး ပူပူနွေးနွေး ကြာဇံကြော်လေးကို တစ်ယောက်တည်း ကြော်စားလိုက် ပါတယ်။ ကျွန်မ တစ်ယောက်တည်း ဆိုတော့ အချဉ်တောင် မလုပ်တော့ဘူး၊ Ready Made အချဉ်ရည် ပုလင်းနဲ့ပဲ စားလိုက် တယ်။

ဒါလေးက ကျွန်မအလွန်ကြိုက်တဲ့ ကြာဇံကြော်လေ။


3 comments:

Sunny said...

အပျော်သဘောလုပ်တယ်ဆိုပေမယ့်လည်း စားလို့ကောင်းမယ့်ပုံလေးနော်.. အိမ်မှာလည်း ချစ်ချစ်နဲ့ အကြိုက်တွေ မတူတတ်ဘူး.. အဲဋ္ဌီတော့ သူ့အကြိုက် ကိုယ့်အကြိုက် တလှည့်စီချက်ရတယ်.. :)

Anonymous said...

မရေ....ဦးစားပေးရမည့်သူတော့
အနားမှာ ရှိမနေသေးပါဘူး။
ဒါပေမဲ့လည်း....လေ့လာသွားတယ်ရှင်။ :)
...ခင်မင်လျှက်..ခင်မာလာအောင်..:)

ပါရမီဖြည့်ဖက်လေး said...

မမဘေဘီရေ...မမဆန်းနီတို့ Comment ပေးသွားတာတော့ရတယ်။ ညီမရဲ့ ဘလော့မှာ Post Comment box က သိပ်မထင်ရှားဘူး။ ရေးရေးလေး မြင်နေရတာကိုပဲ click လိုက်ရင် ရပါတယ်။ နောက်တစ်ခါလာလည်ရင် စမ်းကြည့်ပါနော်။

Post a Comment

ကျွန်မအတွက် အမှတ်တရစကားလေးတွေ ချန်ထားပေးခဲ့လို့ ကျေးဇူးပါနော်.....

Related Posts Plugin for WordPress, Blogger...