Saturday, January 29, 2011

"ငါးမြင်းဆီပြန်ဟင်းနဲ့ ကိုက်လံကြော်"

ငါးမြင်းဆီပြန်ဟင်း စားချင်နေတာ တော်တော်ကြာပါပြီ။ အိမ်နားက မြန်မာဆိုင်မှာ ရှာတုန်းကလည်း မရှိလို့ ငါးဖယ်ပဲ ၀ယ်ချက်စားလိုက်ရတယ်။ တစ်နေ့က City Hall ရောက်တော့ ငါးမြင်းရှာဝယ်ခဲ့တယ်။ ဒီတော့ သိပ်စားချင်နေတဲ့ ငါးမြင်ဆီပြန်လေး ချက်စားဖြစ်တာပေါ့။ ကျွန်မရဲ့ စားချင်တဲ့ ဆန္ဒလေးကို ကိုယ့်ဘာသာ ဖြည့်ဆည်းတာလေ။

ငါးမြင်းကို ရေဆေးပြီး ဆား၊အချိုမှုန့်၊ ငံပြာရည်နဲ့ နယ်ထားတယ်။ ကြက်သွန်ဖြူ၊ နီ၊ ဂျင်း ထောင်းပြီး ငရုတ်သီး အရောင်တင်မှုန့်နဲ့ ဆီသတ်ပါတယ်။ ဆီပြန်လာရင် ခရမ်းချဉ်သီး လှီးထားတာ ထည့်လုံး တယ်။ ခရမ်းချဉ်သီးလေး လိပ်လာတော့မှ ငါးထည့်လုံးပါတယ်။ ငါးကထွက်တဲ့ရေ ကုန်ပြီး ဆီပြန်ရင် ရေနွေးထည့်ပြီး ငါးအသားတွေ ကျက်အောင် တည်ပါတယ်။ အပေါ့အငံ ပြင်ပါတယ်။ အရသာ အနေတော်ဖြစ်ပြီး ဆီလည်းပြန်ရင် နံနံပင် ရေဆေး၊ လှီးဖြတ်ထားတာလေးကို ဟင်းအိုးထဲ ထည့်အုပ်ပြီး ချလိုက်ပါတယ်။

ငါးမြင်းဆီပြန်နဲ့ တွဲစားဖို့ ကိုက်လံကြော်ပါတယ်။ ကိုက်လံကို လှီးဖြတ်ပြီး ရေဆေး၊ ဇကာနဲ့ စစ်ထား ပါတယ်။ မီးဖိုပေါ် ဆီအိုးတင်ပြီး ကြက်သွန်ဖြူ ဒါးပြားရိုက်ထားတာထည့်ပြီး ဆီသတ်ပါတယ်။ ကြက်သွန်ဖြူ မွှေးလာရင် ရေစစ်ထားတဲ့ ကိုက်လံ ထည့်ပါတယ်။ ဆား၊ အချိုမှုန့်နဲ့ ခရုဆီ ထည့်ကြော် ပါတယ်။ အရသာ အနေတော်ဆို အရွက်ခပ်စိမ်းစိမ်းမှာပဲ ချပါတယ်။ ကျွန်မက အသီးအရွက်ကြော်ကို အရမ်းနွမ်းသွားရင် မကြိုက်ပါဘူး။ ခပ်စိမ်းစိမ်းလေး ကြော်စားရတာပဲ ကြိုက်တယ်။

ငါးမြင်းဆီပြန်ဟင်း




ကိုက်လံကြော် စိမ်းစိမ်းလေး




3 comments:

Baby taster said...

ငါးကြိုက်တယ်။ ဒါပေမဲ့ ကိုယ်ကတော့
ဘာငါးရယ် ညာငါးရယ်လို့ မခွဲတတ်ဘူး။
ငါးခူတွေ ငါးရံ့တွေ တော့ခွဲခြား တတ်တယ်။
ကိုက်လန်ကတော့ အသေကြိုက်ပေါ့။
နှစ်မျိုးလုံးကြိKက်တယ်ကွယ် :)

ချော(အစိမ်းရောင်လွင်ပြင်) said...

အပေါ်ကတစ်ယောက် အသေကြိုက်တော့ ကိုယ်ကတော့ အရှင်ဘဲ ကြိုက်တော့မယ် ဟိဟိ
ငါးမြင်းဆီပြန် ... အင်း ကြိုက်တယ်.. အနှစ်ကို ထမင်းနဲ့နယ်စားရ သိပ်ကောင်းမှာဘဲ
အရွက်ကိုစိမ်းစိမ်းလေးကြော်တာ ကြိုက်တာတော့တူတယ်.. ၀ါရင်ပျော့ရင် မကြိုက်။ စားမကောင်း
ပုံထဲက ကိုက်လန်ကြော်လေးက လှချက်။ စိမ်းစိုပြီး စားချင်စရာ

rose said...

ငါးမြင်းဆီပြန်ပာင်းနဲ့ ကိုက်လန်ကြော်လေး စားသွားပြီ ပါရမီဖြည့်ဖက်လေးရေ.... ငါးဆီပြန်ပာင်းလေး အရမ်း စားချင်တာပဲကွယ်း)

Post a Comment

ကျွန်မအတွက် အမှတ်တရစကားလေးတွေ ချန်ထားပေးခဲ့လို့ ကျေးဇူးပါနော်.....

Related Posts Plugin for WordPress, Blogger...