Monday, January 10, 2011

“ကန်စွန်းဥနဲ့အုန်းနို့ အချိုပွဲ”

လွန်ခဲ့တဲ့ သုံးလေးရက်က ထမင်းစားပြီး အချိုတည်းဖို့ ကန်စွန်းဥ အုန်းနို့အချိုပွဲလေး လုပ်စားဖြစ်တယ်။ ယိုးဒယား အချိုပွဲလေးပါ။ ဘန်ကောက် သွားလည်တုန်းက ယိုးဒယား စားသောက်ဆိုင်မှာ စပြီးစားဖူး တာပါ။ နောက်ပိုင်း ရန်ကုန်မှာ ရန်ကင်းပန်းခြံနားက ယိုးဒယားဆိုင်မှာ သွားစားရင်လည်း ထမင်း စားပြီးတိုင်း  အဲဒီ အချိုပွဲလေး လက်ဆောင်ချပေးပါတယ်။ ဒီတော့ ကျွန်မလည်း ကြိုက်တာနဲ့ စားချင် တဲ့အခါ အိမ်မှာ လုပ်စားဖြစ်တယ်။

လွန်ခဲ့တဲ့ရက်က ဈေးဝယ်ရင်း ကန်စွန်းဥ တွေ့တာနဲ့ လုပ်စားဦးမယ်လို့ အကြံရပြီး ကန်စွန်းဥနဲ့ အုန်းနို့ဗူး ၀ယ်လာခဲ့တယ်။ ပိန်းဥနဲ့လည်း လုပ်လို့ရပါတယ်။ ကန်စွန်းဥကို အခွံခွာ၊ အတုံးလေးတွေ တုံးပြီး နာရီဝက်လောက် ဆားရည် စိမ်ထားတယ်။ အိုးတစ်လုံးထဲမှာ အုန်းနို့ထည့်ပြီးကျိုတယ်။ အုန်းနို့ဆူရင် ကန်စွန်းဥ အတုံးလေးတွေ ထည့်ပြီး နူးသည်အထိ ဆက်ကျိုတယ်။ ကျွန်မကတော့ အုန်းနို့အရမ်းပျစ်ပြီး ကန်စွန်းဥ မနူးသေးရင် ရေနွေး နည်းနည်း ရောပြီး ကျိုပါတယ်။ သကြားနဲ့ဆား လိုသလောက်ထည့် ကျိုပါတယ်။ ကန်စွန်းဥနူးပြီး အချိုလည်း အနေတော်ဆိုရင် ရပါပြီ။ မီးဖိုပေါ်ကချ၊ ဗူးတစ်ဗူးထဲထည့်ပြီး ရေခဲသေတ္တာထဲမှာ အေးအောင် ထည့်ထား လိုက်တယ်။ သူက အေးမှ ပိုစားကောင်းပါတယ်။ စားခါနီးမှ ထုတ်ပြီး ပန်းကန်လေးနဲ့ လိုသလောက် ထည့်စား ပါတယ်။

ကျွန်မရဲ့ ကန်စွန်းဥနဲ့အုန်းနို့ အချိုပွဲလေး










 

4 comments:

rose said...

လုပ်စားစရာ တစ်ခုတိုးပြီ ပါရမီဖြည့်ဖက်လေးရေ... လုပ်နည်းလေးအတွက် ကျေးဇူးပါ။ အုန်းနို့ ကန်စွန်းဥလေး မစားဖူးသေးဘူး။ လုပ်စားကြည့်လိုက်မယ်း)

ချော(အစိမ်းရောင်လွင်ပြင်) said...

ကန်ဇွန်းဥကို သာကူကျိုထဲလည်း ထည့်စားတယ်နော်.. သဘောကျတယ် အဲလိုစားရတာ.. အုန်းနို့လေးနဲ့ဆို ပိုဆိမ့်မှာဘဲ။ ပုံလေးမြင်တော့ ပိုစားချင်သွားတယ်.. ဒီနေ့သာကူကျိုတာ မထည့်လိုက်ရဘူး..

Baby taster said...

အယ် အချိုတွေ သိပ်မစားဘူး ပေါင်၂၀၀ဖြစ်မှာစိုးလို့ :)
အခုလည်း မရောက်တရောက်ပါပဲလေ :P
နဲနဲမြည်းမယ်နော် :)

Mon Petit Avatar said...

I love it, the coconut milk with sweet potatoes!

Post a Comment

ကျွန်မအတွက် အမှတ်တရစကားလေးတွေ ချန်ထားပေးခဲ့လို့ ကျေးဇူးပါနော်.....

Related Posts Plugin for WordPress, Blogger...