Friday, January 28, 2011

"သရက်သီးသုပ်"

တစ်နေ့က Wet Market သွားတော့ သရက်သီးအစိမ်းတွေ တွေ့တာနဲ့ ၀ယ်ခဲ့တယ်။ ကျွန်မက သရက်သီးအစိမ်းကို အစိတ်လေးတွေ စိတ်ထားတာကို ငံပြာရည်နဲ့ငရုတ်သီး ဖျော်ထားတာလေးနဲ့ တို့ပြီး စားရတာဆို ကြိုက်မှကြိုက်။ ပြီးတော့ သုပ်စားတာလည်း ကြိုက်တယ်။ ထမင်းနဲ့ စားဖို့တော့ သုပ်စား ဖြစ်တယ်။

သရက်သီးကို သင်္ဘောခြစ်နဲ့ ခြစ်ပါတယ်။ ကြက်သွန်နီကို ပါးပါးလှီးပြီး ရေဆေးထားပါတယ်။ ကြက်သွန်နီ ပါးပါးလှီးပြီး ဆီချက် ချက်ထားပါတယ်။ သရက်သီး ခြစ်ထားတဲ့ အထဲကို ကြက်သွန်နီ ပါးပါးလှီး၊ ပဲမှုန့်၊ ပုဇွန်ခြောက်မှုန့်၊ အချိုမှုန့်၊ ငံပြာရည်၊ ငရုတ်သီးမှုန့်၊ ကြက်သွန်နီဆီချက် စတာတွေ ထည့်ပြီး နှံ့အောင် ရောနယ်ပြီး သုပ်ပါတယ်။ အပေါ့အငံ ပြင်ပါတယ်။ ကျွန်မကတော့ စပ်စပ်ကလေး သုပ်စားတယ်။ သရက်သီးကလည်း ဘာသရက်လည်းတော့ မသိဘူး။ သိပ်မချဉ်ဘူးရှင့်။ စားလို့ ကောင်းတယ်။

သရက်သီးသုပ်လေး အားပေးသွားကြပါဦးနော်





5 comments:

rose said...

သရက်သီးသုပ်ဆိုတာနဲ့ သရေကျနေပြီ... ပါရမီဖြည့်ဖက်လေးရေ.... ကောင်းမှကောင်းနော်။ ဒီမှာတော့ သရက်သီးစိမ်း ၀ယ်ရတာ ခက်တယ်။

ချော(အစိမ်းရောင်လွင်ပြင်) said...

သရက်သီးသုပ်လေးက တံတွေးတောင် မြိုချမိတယ်
စားချင်လိုက်တာ
မနက်ဖန်တော့ ဈေးမှာ ရှာဦးမယ်
သုပ်စားချင်လာပြီ
ဒီမှာ အညော်ခံလိုက်ရလို့း)

Sunny said...

သရက်သီးသုပ်ကို ပုံကြည့်ပြီး သွားရည်ယိုနေပြီ.. စားချင်လိုက်တာ..

Baby taster said...

သရက်သီးကို သုပ်တာရေကြိုက်
တို့တာရောကြိုက်စ်။ ချက်တာရေကြိုက်စ် :)

မြူးမြူး said...

စားချင်စရာ.. တနေ့က သရက်သီးသုပ်ဖို့ဝယ်တာ အခွံကစိမ်းနေပြီး အထဲကျတော့ ၀ါနေပြီ.. စိတ်တိုလိုက်တာ မပြောပါနဲ့.. ခုအလုပ်ကပြန်ရင် ၀င်းထဲကသရက်ပင်မှာ သီးနေတဲ့သရက်သီးတော့ နာပြီမှတ်..း)

Post a Comment

ကျွန်မအတွက် အမှတ်တရစကားလေးတွေ ချန်ထားပေးခဲ့လို့ ကျေးဇူးပါနော်.....

Related Posts Plugin for WordPress, Blogger...