Sunday, January 23, 2011

"ကြက်သားအာလူး ဆီလည်ရေလည်ချက်"

ပြီးခဲ့တဲ့ အပတ်က ကြက်သားနဲ့ အာလူးဟင်း ချက်စားဖြစ်တယ်။ ကြက်သားကို ဆီပြန်မစားချင်တာနဲ့ အာလူးနဲ့ ဆီလည် ရေလည်လေး ချက်တာပါ။ ကြက်သားကို ရေဆေးပြီး ဆား၊ အချိုမှုန့်၊ ချင်း ညက်ညက်ထောင်း ထားတာနဲ့ ရောနယ်ထားတယ်။ ကြက်သွန်ဖြူနီ ထောင်းပါတယ်။ အာလူးကို အခွံခွာ၊ လေးစိတ် စိတ်ပြီး ဆားရည် စိမ်ထားပါတယ်။ မီးဖိုပေါ် ဆီအိုးတင်၊ ဆီပူရင် နနွင်းလေး နည်းနည်း ထည့်သတ်ပြီး ကြက်သွန် ထောင်းထားတာတွေ ထည့်ပြီး ဆီသတ်ပါတယ်။ ကြက်သွန် ကျက်ရင် ကြက်သားနှပ်ထား တာတွေ ထည့်ပြီး ကြက်သားထဲက ထွက်တဲ့ ရေနဲ့ပဲလုံးပါတယ်။ ငံပြာရည် အနည်းငယ် ထည့်လုံးပါတယ်။ ဆီပြန်ခါနီးရင် အာလူးတွေ ထည့်လုံးပါတယ်။ ဆီပြန်ရင် ရေနွေးဖြည့်ထည့်ပြီး အသားရော၊ အာလူးပါ နူးသည်အထိ တည်ပါတယ်။ အသားနူးရင် အပေါ့အငံ ပြင်ပြီး ဆီပြန်တဲ့အထိ မထားဘဲ ရေနည်းနည်း ကျန်ကျန်လေးမှာ ချပါတယ်။ အရည်လေးနဲ့ စားချင် လို့ပါ။

ကြက်သားအာလူးချက်လေးပါ


ကြက်ပေါင်ကို ထပ်ပြီးမတုံးတော့ဘဲ ဒီအတိုင်းထည့် ချက်လိုက်တာ။ အားရပါးရပေါ့နော်။


ပန်းကန်တောင် ပြည့်လျှံနေတယ် :-) ။ အားပေးသွားကြပါဦး။


6 comments:

Sunny said...

အရင်ဆုံးရောက်ပြီး စားသွားပြီ ပါရမီဖြည့်ဖက်လေးရေ... ဆီလည်ရေလည်လေးဆိုတော့ ထမင်းနဲ့ နယ်စားလို့ ကောင်းမှာပဲ..

ချော(အစိမ်းရောင်လွင်ပြင်) said...

အသားတုံးတွေအားရပါးရဘဲ..
ဗိုက်ဆာတဲ့အချိန်များ စားလိုက်ရရင် ဘယ်လောက်ကောင်းမလဲနော်..
ခုလဲ ကြည့်ရင်း ဗိုက်ဆာသွားတယ်..
လက်ရာလေးက ကောင်းတော့လည်း စားချင်းတာပေါ့

rose said...

ပါရမီဖြည့်ဖက်လေးရဲ့ ကြက်သားပာင်း လေး လာစားတယ်။ ကောင်းမယ့်ပုံလေး။ ဒါပေမယ့်လည်း ကြက်သားဆို အသံတောင် မကြားတော့ဘူး။ ဒီမှာက ကြက်သားက ဈေးသက်သာတော့ သူ့ချည်း စားနေရတာနဲ့ မုန်းနေပြီ။ ငါးပာင်း ချက်ကျွေးနော် ပီားးးးး)

Candy said...

Candy လည်းဟိုနေ့ကပဲ ကြက်သားနဲ့အာလူးဆီပြန်ဟင်း ချက်စားတယ်... ပထမဆုံးအကြိမ် ဆီပြန်စမ်းချက်ကြည့်မယ် ဆိုပြီးချက်တာ... ဟီးဟီး.. စားလို့တော့ ဖြစ်ပါတယ်.. သိပ်တော့ကောင်းဘူး... :P

Baby taster said...

ဗိုက်ဆာနေတယ် စားချင်လိုက်တာ :)

ရွှေပြည်သူ (ShwePyiThu) said...

ဒီပို့စ်လေးကို ဖွင့်ပြီး မီးဖိုနဲ့ကွန်ပျူတာကြား ပြေးရင်းလွှားရင်း ကြက်သားအာလူးချက်ကြည့်ပါတယ်။ အရမ်းကျေးဇူးတင်ပါတယ်း)

Post a Comment

ကျွန်မအတွက် အမှတ်တရစကားလေးတွေ ချန်ထားပေးခဲ့လို့ ကျေးဇူးပါနော်.....

Related Posts Plugin for WordPress, Blogger...