Friday, January 14, 2011

"ကြက်သားဟင်းအစပ်ချက်နဲ့ ပဲသီးကြော်"

မနေ့က ကြက်သားဟင်း စပ်စပ်လေး ချက်ပါတယ်။ ကြက်သားကို အတုံးလေးတွေတုံး၊ ရေစင်စင် ဆေးပြီး အချိုမှုန့်၊ ငံပြာရည်၊ မဆလာ၊ ဇီယာ၊ ကရဝေးရွက်၊ ငရုတ်ကောင်းမှုန့်၊ ဂျင်းထောင်းထားတာတွေ ထည့်ပြီး နယ်နှပ် ထားပါတယ်။ ကြက်သွန်ဖြူနီ ထောင်းပါတယ်။ အရောင်တင်မှုန့်နဲ့ ချက်တဲ့ ကျွန်မရဲ့ ဟင်းတွေကို စာရေးဆရာ က မစပ်ဘူးလို့ ပြောလွန်းလို့ ငရုတ်သီးစိမ်း အနီတောင့် လေးတောင့်လောက် ထည့်ထောင်း လိုက်ပါတယ်။ ကြက်သွန်ဖြူနီ နဲ့ ငရုတ်သီး ရောထောင်းထားတာကို အရောင်တင် မှုန့်လေးပါ ထည့်ပြီး ဆီသတ်ပါတယ်။ ကြက်သွန်ကျက်တော့ နှပ်ထားတဲ့ ကြက်သားတွေ ထည့်လုံး ပါတယ်။ ကြာကြာလေး လုံးပြီးမှ ရေနွေးအနည်းငယ် ထည့်ပြီး အသားနူးအောင် တည်ပါတယ်။ အသား နူးလို့ ဆီပြန်ရင် အပေါ့အငံ ပြင်ပြီး မဆလာလေး ထပ်အုပ်ပြီး မီးဖိုပေါ်ကချပါတယ်။ 

ကျွန်မက အကျအန ချက်ထားပြီတဲ့ အချိန်မှာတော့ စာရေးဆရာက သူ့ရုံးကအဖွဲ့တွေနဲ့ ညစာစားပွဲ သွားစားမယ့် အကြောင်း ဖုန်းဆက်ပါတယ်။ ကျွန်မလည်း စိတ်ထဲမှာ နည်းနည်းတော့ တင်းသွား ပါတယ်။ ဟုတ်တယ်လေ၊ ကျွန်မဟင်းချက်ပြီးမှ သူက လှမ်းပြောတာကိုး။ သူ့ ဌာနက သူနဲ့ လုပ်ဖော် ကိုင်ဖက် ၊ သူနဲ့ တော်တော်လေး ရင်းနှီးတဲ့ တစ်ယောက် အလုပ်ကထွက်မှာမို့ နှုတ်ဆက်ပွဲလေး လုပ်တာလည်း ဖြစ်နေတော့ ကျွန်မလည်း 'အိုကေ' လိုက်ရပါတယ်။ ဒီတော့ အဲဒီ ကြက်သား ဟင်းတွေကို ဗူးနဲ့ ရေခဲသေတ္တာထဲမှာ ခဲထားပြီး ဒီနေ့ ပြန်နွေးပြီး စားကြပါတယ်။ အလကားတော့ အဖြစ် မခံနိုင်ဘူးလေ။ ဒီနေ့ ဘာဟင်းမှ ထပ်မချက်တော့ဘူး။

ကြက်သားဟင်းနဲ့ စားဖို့ ပဲသီးကြော်လေးတော့ စားခါနီးမှ ကြော်ပေးလိုက်ပါတယ်။ ကြက်သွန်နီ ပါးပါးလှီး နဲ့ ကြက်သွန်ဖြူ ဓားပြားရိုက်ထားတာ ထည့်ဆီသတ်ပြီး ပဲသီးလှီးထားတာတွေ ထည့်ကြော် ပါတယ်။ ဆား၊ အချိုမှုန့် နဲ့ ပဲငံပြာရည် အနောက်ရည်လေး နည်းနည်း ထည့်ကြော်လိုက်ရင် ပဲသီးကြော် ပူပူလေး ရပါပြီ။

ကြက်သားဟင်း အစပ်ချက်လေး






ပဲသီးကြော် ပူပူလေး




4 comments:

Sunny said...

ကြက်သားအစပ်ချက်လေးက စားကောင်းမဲ့ပုံလေးပဲ.. ဆလာ၊ ဇီယာ၊ ကရဝေးရွက်၊ ငရုတ်ကောင်းမှုန့်၊ ဂျင်း အကုန်ပါတော့ မွှေးလည်းမွှေးနေမှာ.. စားချင်လာပြီ.. ပဲသီးကြော်လေးလည်း ကြိုက်တယ်.. :)

rose said...

ဒီနေ့ ပျင်းပျင်း ရှိတာနဲ့ ဘာပာင်းမှ မချက်ဖြစ်တာနဲ့ အတော်ပဲ။ ပါရမီဖြည့်ဖက်လေးရဲ့ ကြက်သားပာင်းနဲ့ ပဲသီးကြော်လေး ၀င်စားသွားပြီနော်။

Baby taster said...

ပဲသီးကြော် ကျန်သေးလားဟင် ?????

ချော(အစိမ်းရောင်လွင်ပြင်) said...

ထမင်းနဲ့ ကြက်သားနဲ့နယ်စားလိုက်ရရင် မနက်စောစောသိပ်ကောင်းမှာဘဲ
ပဲသီးကြော်လည်းကြိုက်တယ်..
ဟင်း.. မနက်စောစောဗိုက်ဆာလိုက်တာ

Post a Comment

ကျွန်မအတွက် အမှတ်တရစကားလေးတွေ ချန်ထားပေးခဲ့လို့ ကျေးဇူးပါနော်.....

Related Posts Plugin for WordPress, Blogger...