Tuesday, January 11, 2011

"၀က်နားရွက်သုပ်"

လွန်ခဲ့တဲ့ အပတ်ဈေးသွားတုန်းက ၀က်နားရွက်တွေ့တာနဲ့ ၀ယ်လာခဲ့တာ မနေ့ကမှ သုပ်စားဖြစ်တယ်။ ၀က်နားရွက်ကို ရေဆေးပြီး မီးနည်းနည်း မြှိုက်လိုက်တယ်။ ပြီးတော့ အိုးတစ်လုံးထဲမှာ ထည့်ပြုတ် တယ်။ ရေခန်းခါနီး အသားနူးပြီဆို ပဲငံပြာရည်အနောက် (ကြာညို့) နည်းနည်း ထည့်၊ နာနတ်ပွင့် နည်းနည်း ထည့်မွှေပြီး ရေခန်းရင် မီးပိတ်ပြီး အအေးခံထားလိုက်တယ်။

ကြက်သွန်နီ၊ ဂေါ်ဖီ၊ ငရုတ်သီးစိမ်း ရေဆေးပြီး ပါးပါးလှီးထားတယ်။ သခွားသီး ထည့်သုပ်တာကို ပိုကြိုက် ပေမယ့် ၀ယ်ထားတာလည်း မရှိ၊ သွားလည်း မ၀ယ်ချင်တော့တာနဲ့ မထည့်တော့ဘူး။ ကြက်သွန်နီ ဆီချက် ချက်ထားတယ်။ မကျည်းရည်ကို ရေနွေးလေးနဲ့ ဖျော်ထားတယ်။ ၀က်နားရွက် အေးရင် ပန်းကန်တစ်လုံးမှာ ခပ်ပါးပါးလှီးထည့်၊ ကြက်သွန်နီ၊ ဂေါ်ဖီ၊ ငရုတ်သီးစိမ်း လှီးထားတာတွေ ထည့်၊ ဆားနဲ့ အချိုမှုန့်ထည့်၊ မကျည်းရည် ထည့်၊ ကြက်သွန်ကြော် ဆီချက်ထည့်၊ ပဲအကျက်မှုန့်ထည့်၊ ငံပြာရည် နည်းနည်းထည့်၊ ငရုတ်သီး အကျက်မှုန့်ထည့်။ ငရုတ်ဆီထည့်ပြီး ရောနယ်သုပ်လိုက်တယ်။ ချဉ်ချဉ်စပ်စပ်လေး သုပ်လိုက်ပါတယ်။ သခွားသီးလေး ပါရင်တော့ ပိုစားကောင်းမှာပေါ့ရှင်။

ဝက်သားစားသူများ အားပေးသွားနိုင်ပါတယ်ရှင်








6 comments:

Sunny said...

အားပေးသွားတယ် ညလေးရေ.. ဒီမှာတော့ ၀က်သားရှောင်နေရတယ်..

rose said...

ဝက်သား မစားပေမယ့် စာလာဖတ်သွားတယ် ပါရမီဖြည့်ဖက်လေးရေ... နောက်ဆို စာရှည်ရှည် ရေးနော်း)

Mon Petit Avatar said...

Me too, try not to eat the pork for the moment, as I am up way more than one size!!!

Baby taster said...

မစားပေမဲ့ အားပေးနေပါတယ်
စားကောင်းမဲ့ပုံလေး :)

ချော(အစိမ်းရောင်လွင်ပြင်) said...

ဝက်နားရွက်ကိုကြိုက်တယ် ထုတ်ထုတ်နဲ့ ၀ါးရတာ သဘောကျတာ
ခု ပုံလေးကိုကြည့်ပြီး ရေနွေးကြမ်းနဲ့မြည်းချင်စိတ်ပေါက်လာတယ်
တကယ်စားရရင်သိပ်ကောင်းမှာဘဲ..
ဗိုက်ဆာလာပြီ

မြူးမြူး said...

အရမ်းကြိုက်စ်စ်စ်.. အကုန်လုံး မ သွားပြီ.. နောက်လူအတွက်ကျန်တော့ဘူး..

Post a Comment

ကျွန်မအတွက် အမှတ်တရစကားလေးတွေ ချန်ထားပေးခဲ့လို့ ကျေးဇူးပါနော်.....

Related Posts Plugin for WordPress, Blogger...