Saturday, January 8, 2011

“လက်ကျန်ရှင်းတဲ့ အုန်းနို့ခေါက်ဆွဲ”

လွန်ခဲ့တဲ့ တစ်ပတ်က အုန်းနို့ခေါက်ဆွဲလေး ချက်စားဖြစ်တယ်။ အမှန်ကတော့ သေသေချာချာကြီး ချက်စားတာ မဟုတ်ပါဘူး။ နန်းကြီးသုပ် သုပ်စားတဲ့ ရက်ကပေါ့။ စာရေးဆရာကလည်း သိပ်မစားတော့ ကြက်သားဟင်းတွေ ပိုနေတယ်လေ။ ဒါနဲ့ နောက်ရက်ကျတော့ အုန်းနို့ဗူးကလည်း အဆင်သင့် ရှိနေတာနဲ့ ကြက်သားဟင်းလေး လက်ကျန်ရှင်းဖို့ ကျွန်မ တစ်ယောက်တည်း အုန်းနို့ခေါက်ဆွဲ ချက်စား လိုက်တယ်။

ခေါက်ဆွဲခြောက်ကို ရေနွေးနဲ့ ပြုတ်၊ ရေအေးနဲ့ဆေးပြီး ဇကာနဲ့ စစ်ထားပါတယ်။

အိုးတစ်လုံးမှာ ရေနွေးတည်ပြီး ဆူရင် ပဲအစိမ်းမှုန့်ကို ရေဖျော်ထည့်ပါတယ်။ ကြာကြာလေးမွှေပြီး ပဲစိမ်းနံ့ ပျောက်ပြီဆိုမှ နန်းကြီးသုပ်လက်ကျန် ကြက်သားဟင်းကိုထည့်ပါတယ်။ ခဏနေမှ အုန်းနို့ဗူးဖောက် ထည့် ပါတယ်။ အပေါ့အငံအတွက် ငံပြာရည်နဲ့ အချိုမှုန့်ထည့်ပါတယ်။ ကြာကြာလေးတည်ပြီး ဟင်းရည်ကျလာပြီး အနေတော်ဆိုမှ ပန်းကန်ထဲကို ခေါက်ဆွဲထည့်၊ ဟင်းရည်ထည့်၊ ကြက်သွန်နီ ပါးပါးလှီး၊ ရေဆေးထားတာပါ ထည့်ပြီး တစ်ယောက်တည်း အားရပါးရ တွယ်လိုက်တယ်။

တကယ်တော့ ငါးဖယ်လေး၊ ဘဲသွေးလေးနဲ့ အကျအန စားချင်တာပါ။ ရန်ကုန်က ရေကျော်ဈေးထိပ်မှာ ရောင်းတဲ့ အုန်းနို့ခေါက်ဆွဲကို သတိရလိုက်တာ။ ခုတော့ မုန့်ကြွပ်ကြော်တောင် မပါတဲ့၊ ဖြစ်သလို လက်ကျန်ရှင်း အုန်းနို့ ခေါက်ဆွဲလေးပဲ စားလိုက်ရတယ်။ ဒါပေမဲ့လည်း အရသာကတော့ ကောင်းပါ တယ်နော်။ :-P


ကျွန်မရဲ့ လက်ကျန်ရှင်းတဲ့ အုန်းနို့ခေါက်ဆွဲ





5 comments:

Baby taster said...

ဟဟား အကြံချင်းကတူတယ်
သူငယ်ချင်းတွေကို နန်းကြီးသုပ်ကျွေးပြီး
ကျန်နေတဲ့ ကြက်သားနဲ့ Laksa လုပ်စားဖြစ်တယ်
အခုတော့ မကျန်တော့ဘူးရယ်လေ ဒါကြောင့်
ဒီက တပန်ကန်မသွားတယ်နော် :)

Sunny said...

အုန်းနို့ခေါက်ဆွဲလေး လာစားသွားတယ် ညလေးရေ.. အိမ်မှာ ချက်မစားဖြစ်တာတွေ စားဖြစ်တော့တယ်.. အခုတော့ ညလေးဆီက ၀က်သားတုတ်ထိုးပို့စ်ဖတ်ပြီး ၀က်သားတုတ်ထိုးအရမ်းစားချင်နေတယ်..

rose said...

လက်ကျန်ရှင်းလို့ ချက်တယ် ဆိုပေမယ့် အုန်းနို့ခေါက်ဆွဲလေးက စားချင်စရာလေးကွယ်။ အရောင်ကအစ။ ပာင့်... ငေးပဲငေးသွားတော့မယ်။ ရို့စ်တော့ အခုနောက်ပိုင်း အုန်းနို့ခေါက်ဆွဲ ချက်မစားဖြစ်တာ ကြာပြီ။ စားပြီးရင် ခေါင်းထဲ တရိပ်ရိပ်နဲ့ မူးလို့ ... အသက်ကလေးကလည်း ရလာတော့လေ သွေးတိုးတယ် ထင်ပါရဲ့း)

Mon Petit Avatar said...

Never get bored with Coconut noodle!

ချော(အစိမ်းရောင်လွင်ပြင်) said...

အား ဗိုက်ဆာနေချိန်လာရတာ မကောင်းဘူး
ဗိုက်က အသံတောင် မြည်လာတယ်
အုန်းနို့ခေါက်ဆွဲကြိုက်မှကြိုက် စားချင်လိုက်တာနော်... တကယ်ဘဲ

Post a Comment

ကျွန်မအတွက် အမှတ်တရစကားလေးတွေ ချန်ထားပေးခဲ့လို့ ကျေးဇူးပါနော်.....

Related Posts Plugin for WordPress, Blogger...