Tuesday, January 4, 2011

“ပုဇွန်ချိုချဉ်ကြော်၊ တုံယမ်းဟင်းရည်”

လွန်ခဲ့တဲ့ တနင်္ဂနွေနေ့က ကျွန်မခြေထောက်လည်း ကောင်းသွားပြီမို့ ပုဇွန်ဘက် လှည့်ရအောင်ဆိုပြီး ပုဇွန် ချိုချဉ်ကြော်လေးနဲ့ တုံယမ်းဟင်းရည်လေး ချက်စားဖြစ်တယ်။

ပုဇွန်တွေကို အခွံခွာပြီး ဆား၊ ဆနွင်း၊ အချိုမှုန့် နယ်ထားတယ်။ တန်ပူရာအမှုန့်ကို ရေလေးနဲ့ ဖျော်တယ်။ တုံယမ်းဟင်းအတွက် ပုဇွန်အချို့ဖယ်ပြီး ကျန်တဲ့ပုဇွန်တွေကို တစ်ကောင်ချင်းစီကို တန်ပူရာမှုန့် ဖျော်ထားတဲ့ အထဲ နှစ်ပြီး ဆီပူပူမှာ ထည့်ကြော်ပြီး ဆယ်ထားတယ်။ ကြက်သွန်နီ ဆီသတ်ပြီး တန်ပူရာမှုန့်နဲ့ ကြော်ထားတဲ့ ပုဇွန်တွေ ထည့်ကြော်၊ ဆား၊ အချိုမှုန့်ထည့်ပြီး Tomato Sauce ထည့်တယ်။ အရသာ အနေတော်ဆိုမှ ကော်မှုန့် ရေဖျော်ထားတာ ထည့်မွှေပြီးရင် ပုဇွန်ချိုချဉ်ကြော် လေး ရပါပြီ။

တုံယမ်းဟင်းရည်ချက်ဖို့ အိုးတစ်လုံးထဲမှာ ရေထည့်တည်၊ ရေဆူရင် ပဒဲကော ပါးပါးလှီးထားတာထည့်၊ ကြက်သွန်နီ လေးစိတ် စိတ်ထားတာ ထည့်၊ စပါးလင် တစ်စောင်းလေးတွေ ပါးပါးလှီးထားတာ ထည့်ပါတယ်။ ရေတစ်ခါ ပြန်ဆူလာရင် တုံယမ်း အနှစ်ထည့်ပါတယ်။ နောက်တစ်ခါ ရေပြန်ဆူရင် ပဲပြားအတုံးလေးတွေ တုံးထာတာထည့်၊ မှိုထည့်ပါတယ်။ ခုနက ဖယ်ထားတဲ့ ပုဇွန်ထည့်ပါတယ်။ အပေါ့အငံပြင်ပါတယ်။ အုန်းနို့ အနည်းငယ် ထည့်ပါတယ်။ ဟင်းရည် အနေတော် ဆိုရင် ခရမ်းချဉ်သီး လေးစိတ် စိတ်ထားတာ ထည့်၊ ငရုတ်သီးစိမ်း ခွဲထည့်၊ ရှောက်ရွက်အုပ်၊ သံပုရာရည်လေး ညှစ်လိုက် ပါတယ်။ ဒါဆိုရင် ချဉ်စပ်လေးမှာ အုန်းနို့ အရသာ ဆိမ့်ဆိမ့်လေး စွက်နေပြီး အနံ့အရသာနဲ့ ပြည့်စုံတဲ့ တုံယမ်းဟင်းရည် ပူပူလေး ရပါပြီရှင်။

ပုဇွန်ချိုချဉ်ကြော်လေး






တုံယမ်းဟင်းရည် ပူပူလေး 







5 comments:

rose said...

ပာင်းတွေ ကိုယ့် အကြိုက်တွေချည်းပဲ။ ပုဇွန် ချိုချဉ်ကြော်ရော၊ တုံယမ်းပာင်းရည်ရော စားသောက်သွားပြီနော်။ နောက်က လူတွေ အတွက် ချန်မထားတော့ဘူး ကွိကွိး))

Sunny said...

ကုန်ပြီလား ညလေးရေ.. ဒီနေ့ တော့ မစားသေးဘူးနော်.. ပုံလေးတွေပဲ ငေးသွားတယ်.. သွားနှုတ်ထားလို့..

metalman said...

ဒီblog ဝင်ဝင်ဖတ်တိုင်း ဗိုက်ဆာပြီး ခေါက်ဆွဲပြုတ်တွေပဲ နင်းကန်ကြိတ်နေမိတော့တယ် :P

Unknown said...

တန်ပူရာအမှုန့်ဆိုတာဘာကိုလဲအစ်မရေ. Thank you :)

ပါရမီဖြည့်ဖက်လေး said...

City Mart လိုဆိုင်တွေမှာ တန်ပူရာအမှုန့်ထုတ်လေးတွေဝယ်လို့ရပါတယ်ညီမရေ။ ယိုးဒယားမယ်လိုအမှုန့်လေးတွေပါပဲ။

Post a Comment

ကျွန်မအတွက် အမှတ်တရစကားလေးတွေ ချန်ထားပေးခဲ့လို့ ကျေးဇူးပါနော်.....

Related Posts Plugin for WordPress, Blogger...