ဒီတစ်ခါတော့ ၀က်နံရိုးကို ကုလားပဲလေးနဲ့ ချက်စားဖြစ်တယ်။ ၀က်နံရိုးတွေကို ရေဆေးပြီး ပဲငံပြာရည် အကြည်၊ အနောက်နှစ်မျိုးလုံးနဲ့ ရောနယ်ထားတယ်။ ကုလားပဲကို ရေဆေးပြီး အိုးတစ်လုံးထဲထည့်၊ ရေထည့်ပြီး ပဲတွေနူးခါနီးအထိ ကြာကြာလေးပြုတ်ပေးပါတယ်။ ကြက်သွန်ဖြူနီဂျင်း ရောထောင်းပါတယ်။ အားလုံး အဆင်သင့်ဖြစ်ရင် အိုးတစ်လုံးမှာ ဆီအနည်းငယ်ထည့်ပြီး ကြက်သွန်ထောင်းထားတာနဲ့ ငရုတ်သီးအရောင်တင်မှုန့်ရောပြီး ဆီသတ်ပါတယ်။ ကြက်သွန်လေးတွေ မွှေးလာရင် ၀က်နံရိုးထည့်လုံးပါတယ်။ အပေါ့အငံပြင်ပါတယ်။ ၀က်သားချက်ရင် ကျွန်မကတော့ ပဲငံပြာရည်ပဲသုံးပါတယ်။ ငါးငံပြာရည် မသုံးပါဘူး။ နံရိုးကထွက်တဲ့ရေခန်းလို့ ဆီပြန်ရင် ကုလားပဲအိုးထဲကို ဆီသတ်ထားတာတွေ ရောထည့်ပြီး တည်ပေးပါတယ်။ ရေလိုရင် ရေနွေး ထပ်ဖြည့်ထည့်ပါတယ်။ ၀က်နံရိုးလည်းနူး ပဲလည်းနူးပြီဆို ၀က်နံရိုးကုလားပဲဟင်းလေးရပါပြီ။
အထွေထွေဓမ္မမှတ်စုများ.....(၃၃)
-
နမောဿတ ဘဂဝတော အရဟတော သမ္မာသမ္ဗုသတ္တာ
နမောဿတ ဘဂဝတော အရဟတော သမ္မာသမ္ဗုသတ္တာ
နမောဿတ ဘဂဝတော အရဟတော သမ္မာသမ္ဗုသတ္တာ
ပူဇော်သမျှကိုခံယူတော်မူထိုက်သော အလုံးစ...
4 days ago




1 comments:
ကုလားပဲဆို ပျင်းတော်သိမ်ရွက်ကလေးနဲ့ သက်သတ်လွတ် ချဉ်ဟင်းလုပ်တာပိုကြိုက်တယ်...။ ညီမကတော့ စာရေးဆရာအကြိုက်ချက်ထားတာဖြစ်မယ်..။
Post a Comment
ကျွန်မအတွက် အမှတ်တရစကားလေးတွေ ချန်ထားပေးခဲ့လို့ ကျေးဇူးပါနော်.....