Wednesday, April 4, 2012

" ဘဲသားဆီပြန်၊ သရက်ချဉ်သုပ်နဲ့ ပဲနီလေးဟင်းချို "

1 comments
ဒီတစ်ခါတော့ ဘဲသားဆီပြန်နဲ့ သရက်ချဉ်သုပ်ပါ။ ဘဲသားကို ရေဆေး၊ အနေတော်တုံးပြီး ဆား၊ အချိုမှုန့်၊ ဗနီကာနဲ့ နယ်နှပ်ထားတယ်။ ကြက်သွန်ဖြူနီဂျင်းဆီသတ်ပါတယ်။ ဆီသတ်မွှေးရင် ဘဲသားတွေနဲ့ ငံပြာရည်ထည့်လုံးပါတယ်။ ဆီပြန်ရင် ရေဆူထည့်ပြီး ဘဲသားနူးသည်အထိတည်ပေးပါတယ်။

သရက်ချဉ်ကို ကြက်သွန်နီ၊ ငရုတ်သီးစိမ်း၊ ပဲမှုန့်၊ ငံပြာရည်၊ အချိုမှုန့်၊ ဆီချက်နဲ့ နှမ်းထည့်ပြီး သုပ်ပါတယ်။

ပဲနီလေးကို ရေဆေးပြီး ရေစိမ်ထားတယ်။ ကြက်သွန်နီပါးပါလှီးနဲ့ ဆနွင်းနည်းနည်းထည့်ပြီး ဆီသတ်တယ်။ ကြက်သွန်ကျက်ရင် ရေစိမ်ထားတဲ့ ပဲနီလေးတွေကို ရေစစ်ပြီး ဆီသတ်တဲ့ အထဲရောသတ်တယ်။ ငံပြာရည်၊ အချိုမှုန့်ထည့်တယ်။ ဆီပြန်ရင် ရေဆူထည့်တည်တယ်။ ပဲနူးသည်အထိတည်ပြီး အပေါ့အငံပြင်ပါတယ်။


Related Posts Plugin for WordPress, Blogger...