Sunday, January 2, 2011

“တရုတ်တန်းအလွမ်းပြေ ၀က်သားတုတ်ထိုးနဲ့ ကြာဇံကြော်”

မနေ့က Sentosa သွားလည်မယ် ဆိုတော့ နံနက် စောစောစီးစီး အိပ်ရာကထပြီး ပြင်ဆင်ပါတယ်။ နေ့လယ်စာ ထည့်သွားဖို့ကိုတော့ ၀က်သားတုတ်ထိုးနဲ့ ကြာဇံကြော် ပြင်ဆင်ရပါတယ်။ ရန်ကုန်၊ တရုတ်တန်းက ရွှေနန်းတော် ရွှေဆိုင်ရှေ့မှာ ရောင်းတဲ့ "မငယ်" ၀က်သား ကြာဇံသုပ်ကို လွမ်းလို့ အလွမ်းပြေပေါ့ရှင်။

ဝက်သားတုတ်ထိုးလုပ်ဖို့ ၀က်ကလီစာအစုံကို ရှေ့တစ်ရက်ည ကတည်းက ကြိုတင် ပြင်ဆင် ထားရပါတယ်။  မနက်စောစော သွားမှာဆိုတော့ အချိန်ကုန် သက်သာအောင်လို့ပါ။ ကလီစာအစုံကို အတုံးကြီးကြီး တုံး၊ ရေစင်စင်ဆေးပြီး ဗနီကာနဲ့ နယ်ဆေးပါတယ်။ ကလီစာတွေ စင်ကြယ် သွားပြီ ဆိုမှ ဆား၊ အချိုမှုန့်၊ သကြား၊ ပဲငံပြာရည် အကြည်၊ ခရုဆီ၊ ဗနီကာ၊ နာနတ်ပွင့်၊ ကရဝေးရွက်၊ သစ်ဂျပိုးခေါက်၊ တရုတ်မဆလာ တို့နဲ့ နာနာနယ်ပြီး ရေခဲသေတ္တာထဲ ထည့်နှပ်ထားလိုက် ပါတယ်။ နောက်တစ်နေ့ နံနက်မှ အိုးတစ်လုံးထဲ ဆီထည့်၊ ဆီပူရင် ကလီစာအစုံကို ထည့်ပြီး လုံးပါတယ်။ ဆီပြန်လာမှ ရေနွေးထည့်ပြီး နူးသည်အထိ တည်ပါတယ်။ ရေခမ်းပြီး အသားမနူးသေးရင် ရေနွေး ထပ်ဖြည့်ထည့်ပါတယ်။ အသားနူးရင် ဆီကျန်၊ ရေကျန်လေးမှာ ချလိုက်ပါတယ်။

ကြာဇံကိုတော့ နာရီဝက်လောက် ရေစိမ်ထားပါတယ်။ ပြီးမှ ကြာဇံကို ရေစစ်ပြီး ပဲငံပြာရည် အနောက်ရည် (ကြာညို့)၊ ဆား၊ အချိုမှုန့်၊ ခရုဆီတို့နဲ့ ရောနယ်ထား ပါတယ်။ ဒယ်အိုးထဲမှာ ကြက်သွန်နီ ဆီသတ်၊ ဂေါ်ဖီ လှီးထားတာ ထည့်ပြီးမှ နယ်ထားတဲ့ ကြာဇံ ထည့်ကြော်ပါတယ်။ အပေါ့အငံလိုသလို ပြင်ပါတယ်။ တရုတ်နံနံ လှီးပြီး ထည့်ပါတယ်။ ကြာဇံဖတ်လေး အိပြီ ဆိုရင် ကြာဇံကြော်ရပါပြီ။ (၀က်သား တုတ်ထိုးနဲ့ စားမှာမို့ အသား ထည့် မကြော်ပါဘူး)

ပြီးတော့ အချဉ်ရည်ဖျော်ပါတယ်။ မကျည်းရည်ကို ရေနွေးနဲ့ ခဏစိမ်ထားပါတယ်။ ထန်းလျက်ခဲနဲ့ ကြက်သွန်ဖြူကို ရောထောင်းပါတယ်။ မကျည်းရည်ရရင် မကျည်းသီးဖတ်တွေ ဆယ်ပစ်ပြီး မကျည်းရည်ထဲကို ထန်းလျက်နဲ့ ကြက်သွန်ဖြူထောင်းထားတာ ထည့်ပါတယ်။ ဆားနဲ့ အချိုမှုန့် နည်းနည်းစီ ထည့်ပါတယ်။ ငရုပ်သီးအစိမ်းမှုန့် အနည်းငယ်ကို အချဉ်ရည် နည်းနည်း ထည့်ရောပါတယ်။ ငရုတ်သီးစိမ်းနဲ့ နံနံပင် ညှပ်ထည့်ပြီး သံပုရာရည်လေး ညှစ်လိုက် ပါတယ်။


Sentosa မှာ နေ့လယ်စာ စားဖို့ ထည့်သွားတဲ့ ၀က်သားတုတ်ထိုး









ကျွန်မတို့နှစ်ယောက်အတွက် ကြာဇံကြော်နှစ်ဗူး




ဝက်သားတုတ်ထိုးနဲ့စားဖို့ အချဉ်ရည်


14 comments:

Sunny said...

ဝက်သားဒုတ်ထိုး စားချင်တယ်.. ကြာဆံကြော်လေးနဲ့ အချဉ်ရည်လေးနဲ့... ရှလွတ်..

Baby taster said...

ကြာဇံကြော်လေး လာမြည်းတယ်

Shinlay said...

ဒုတ်ထိုးမစား၇တာကြာပြီ.....:P

ချော(အစိမ်းရောင်လွင်ပြင်) said...

ဝက်သားဒုတ်ထိုးကြည့်ပြီး သွားရေတွေ ထိန်းမနိုင်ဖြစ်မိတယ်
အချဉ်လဲမြင်ရော ပိုဆိုးသွားတယ်
တော်တော်ကို စိတ်ရှည်လက်ရှည်ချက်ပြုတ်တတ်တာဘဲ.. ချီးကျူးပါတယ်

rose said...

ဝက်သား မစားတော့ လာပဲ ငေးသွားပါတယ်။ ပါရမီဖြည့်ဖက်လေးရဲ့ အချဉ်ရည်က မြန်မာပြည်က အတိုင်းပဲနော်။ မိုက်တယ်း)

မင်္ဂလာပါ .... said...

ဝက်သားဒုတ်ထိုးကတော့ တစ်ကယ်ကောင်းမယ့်ပုံပဲ အချဉ်ရည်လဲကြိုက်တယ် ကြိုးစားပြီး လုပ်ဦးမယ်း))
နှင်းဟေမာ

Unknown said...

မရတော့ဘူး.. စိတ်ကိုထိန်းလို့မရတော့ဘူး .။ သောကြာနေ့အတွက် ဒါပဲစားတော့မယ်။ :)

မြတ်မွန် said...

ဝတ်သားဒုတ်ထိုးလေးစာချင်လို့ လိုက်ရှာရင်း
ဒီဆိုက်ကလေးမှာ တွေ့လို့လာကြည့်သွားတယ်နော်။
ကျေးဇူးများကြီးတင်ပါတယ်ရှင်။

YKKM said...

ခရုဆီ၊ ဗနီကာ၊ နာနတ်ပွင့်၊ ကရဝေးရွက်၊ သစ်ဂျပိုးခေါက်၊ တရုတ်မဆလာ
ကို စလုံးမှာ ဘယ်လို ရှာဝယ်ရမလဲခင်ဗျာ ကျွန်တော်လည်းလုပ်စားချင်လို တရုတ်နှစ်သစ်ကူမှာလေ..
ပုံလေးတွေနဲ တင်ပေးရင်တော့ ပိုအဆင်ပြေပါတယ်..
ဝက်သားဒုတ်ထိုးစားချင်နေလို လိုက်ရှာနေတာ အခုမှပဲတွေတော့တယ်ဗျာ.
ကျေးဇူးတင်ပါတယ်..

ရွှေရည် said...

စားချင်စရာလေး :)

phyomgmgsoemyint said...

အဖြူထည်မဟုတ်ပဲ အခုလိုတုတ်ထိုးကို အရောင်ထွက်အောင် ဘာထည့်သေးလဲပြောပြပါလား ကျေးဇူးပါနော်

ပါရမီဖြည့်ဖက်လေး said...

ပါဝင်ပစ္စည်းတွေက ပို့စ်ထဲမှာ ဖော်ပြထားတဲ့ အတိုင်းပါပဲ။ အရောင်ကတော့ ခရုဆီနဲ့ ပဲငံပြာရည်ကြောင့် ဒီအရောင်ထွက်တာပါရှင်။

မြရေလျဉ် said...

ကိုရီးယားကားထဲကလိုပြော၇င်..စားကောင်းမယ့်ပုံပဲ...
:D

မြရေလျဉ် said...
This comment has been removed by the author.

Post a Comment

ကျွန်မအတွက် အမှတ်တရစကားလေးတွေ ချန်ထားပေးခဲ့လို့ ကျေးဇူးပါနော်.....

Related Posts Plugin for WordPress, Blogger...