Sunday, April 7, 2013

"၀က်နံရိုးပေါင်း"

ဒီတစ်ခါတော့ ၀က်နံရိုးပေါင်းလေးလုပ်စားချင်တာနဲ့ နံရိုးအသားများတာလေး ရွေးဝယ်ခဲ့တယ်။ ၀က်နံရိုးကို အမြောင်းလိုက်တုံးပြီး ရေစင်အောင်ဆေးပါတယ်။ ပြီးတော့ ဆား၊ ပဲငံပြာရည် အကြည်အနောက်နှစ်မျိုး၊ သကြားအနည်းငယ်တို့နဲ့ သမအောင်ရောနယ်ပြီး နာရီဝက်ခန့် နှပ်ထားပါတယ်။

နံရိုးနှပ်ထားတုန်းမှာ ကြက်သွန်ဖြူ၊နီ၊ဂျင်း ထောင်းပါတယ်။ ငရုတ်သီး မထည့်ပါဘူး။ အဖြူထည်ပေါင်းမှာပါ။ ဒယ်အိုးထဲကို ဆီအနည်းငယ်ထည့်ပြီး ကြက်သွန်ဆီသပ်ပါတယ်။ ကြက်သွန်လေးတွေလိပ်ပြီး ရွှေရောင်သန်းလာရင် နှပ်ထားတဲ့ ၀က်နံရိုးရောထည့်ပြီးလုံးပါတယ်။ အငံအတွက် ပဲငံပြာရည်အကျဲရေသုံးပါတယ်။ ၀က်နံရိုးကထွက်တဲ့ ရေခန်းပြီး မွှေးလာရင် မီးဖိုပေါ်ကချပါတယ်။

ဆီသတ်နဲ့လုံးထားတဲ့ နံရိုးတွေကို Pressure Cooker ထဲကို စီထည့်ပါတယ်။ နံရိုးမြုပ်သည်အထိ ရေနွေးထည့်ပါတယ်။ အရည်အတွက် အပေါ့အငံထည့်ပြီး ပေါင်းပါတယ်။ Pressure Cooker မှာ Meat ရွေးပြီး ပေါင်းလိုက်တာ ၁၅မိနစ်ဆိုရင် နူးညံ့ပြီးအရသာရှိတဲ့ နံရိုးပေါင်းလေးရပါပြီ။ ရိုးရိုးအိုးနဲ့ ပေါင်းချင်သူများလည်း ပေါင်းနိုင်ပါတယ်။ ချက်ပြုတ်ချိန်ပဲကွာသွားမှာပါ။







ပါရမီဖြည့်ဖက်လေး
၆.၄.၂၀၁၃
၁၁း၂၂ နာရီ

1 comments:

Unknown said...

sha looot :D

please, it'd be very grateful if you spend a few minutes to check out my blog: http://wheelsofabicycle.blogspot.co.uk

thank you :)

Post a Comment

ကျွန်မအတွက် အမှတ်တရစကားလေးတွေ ချန်ထားပေးခဲ့လို့ ကျေးဇူးပါနော်.....

Related Posts Plugin for WordPress, Blogger...