ပါရမီဖြည့်ဖက်လေး အွန်လိုင်းပေါ်မှာ ပျောက်နေတာအတော်ကြာသွားပါပြီ။ ပျောက်ဆို စင်္ကာပူကနေ ကျွန်မရဲ့ မိဘဆွေမျိုးတွေရှိရာ မွေးရပ်ဇာတိရန်ကုန်ကို ပြန်ပြောင်းနေတာကိုး။ စာရေးဆရာကတော့ စလုံး လို့ခေါ်ကြတဲ့ ကျွန်းလေးမှာ တစ်ယောက်တည်း ကျန်ခဲ့ရှာတယ်။ လူ့ဘ၀ဆိုတာ ဒီလိုပါပဲ။ တစ်ခုလိုချင်ရင် တစ်ခုတော့ စွန့်လွှတ်ကြရတာပါပဲ။ ကျွန်မတို့ နှစ်ယောက်ရဲ့ ဘ၀ရှေ့ရေးအတွက် လောလောဆယ် ခဏတော့ ခွဲနေကြရမှာပေါ့လေ။ ကျွန်မတို့ နှစ်ယောက်စလုံးကလည်း မိဝေးဖဝေးမနေချင်ကြပါဘူး။ ဘာပဲပြောပြော အစစ အရာရာ အဆင်ပြေအောင် နှစ်ယောက်တိုင်ပင်ပြီး ဆုံးဖြတ်ခဲ့ကြတာပေါ့။
ဒီလိုနဲ့ ရန်ကုန်ပြန်ရောက်ရောက်ချင်း အလုပ်တွေရှုပ်နေတာနဲ့ ဘလော့လေးကို ပစ်ထားခဲ့ရတာပေါ့။ အွန်လိုင်းပေါ်က ဘလော့လေးကို လွမ်းပေမယ့် ပစ်ထားခဲ့ရပြီး မိတ်ဆွေဘလော့ကာတွေဆီလည်း မလည်ဖြစ်ဘူးပေါ့။ အခုမှပဲ ကျွန်မဘလော့လေးကို ပြန်ကြည့်နိုင်တော့တယ်။ ဒီနေ့တော့ ရန်ကုန်အိမ်မှာ စားဖြစ်တဲ့ ထမင်းဝိုင်းပုံလေးတွေပဲ တင်ပေးလိုက်တော့မယ်နော်။
ဓါတ်ပုံရိုက်ဖို့ကလည်း မေ့မေ့နေတော့ သိပ်တောင် မရိုက်ဖြစ်ပါဘူး။ ရိုက်ထားဖြစ်တဲ့ ပုံလေးတွေပဲ တင်ပေးလိုက်တော့မယ်နော်။
ငါးခေါင်းတွေကိုကြော်ပြီးမှ မကျည်းနှစ်၊ မဆာလာတို့နဲ့ အချဉ်ဆီပြန်လေး ချက်တယ်
ဒါလေးက မြင်းခွာရွက်သုပ်
ဒီထမင်းဝိုင်းကတော့ ငါးဖယ်ဆီပြန်၊ ခရမ်းချဉ်သီးသုပ်၊ ပဲကြီးဟင်းချိုနဲ့ ငါးပိတို့စရာ။
ဒါလေးက မြင်းခွာရွက်သုပ်
ဒီထမင်းဝိုင်းကတော့ ငါးဖယ်ဆီပြန်၊ ခရမ်းချဉ်သီးသုပ်၊ ပဲကြီးဟင်းချိုနဲ့ ငါးပိတို့စရာ။
4 comments:
ရန်ကုန်ပြန်ရောက်နေတော့စိတ်တိုင်းကျချက်လို့ ရပြီပေါ့နော်။
ထုံးစံအတိုင်းဟင်းစပ်လေးတွေကလည်းတဲ့နဲ့ စားလို့ ကောင်းမှာအသေချာပါ။
အိုင်အိုရာ
တစ်နေ့နေ့ တစ်ချိန်ချိန်တော့ လူစုံတဲ့ ထမင်းဝိုင်းလေးနဲ့ ပြန်လည်စိုပြေလာမှာပါ ပါရမီဖြည့်ဖက်လေးရေ။ ဟင်းမယ်စုံလင်စွာနဲ့ စားချင်စရာလေးပါလား။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
ထမင်းဝိုင်းလေက အိမ်ရဲ့ အငွေ့အသက်အပြည့်ပါဘဲ..
ပဲကြီးနဲ့ဆူးပုတ်၊ ငပိရည်တို့စရာလေးနဲ့ ထမင်းသုံးပန်ကန်လောက် စားပစ်ချင်လိုက်တာ
သွားရည်ယိုသွားတယ်...
Post a Comment
ကျွန်မအတွက် အမှတ်တရစကားလေးတွေ ချန်ထားပေးခဲ့လို့ ကျေးဇူးပါနော်.....