ကျွန်မတို့က Orchid Garden ဘက်ကိုသွားမှာပါ။
ရေထဲမှာ တစ်ကောင်တည်းသော ဘဲငန်းလေး
ဂျင်းဥယျာဉ်ကို ကျော်ပြီးမှ သစ်ခွဥယျာဉ်ဆီကို ရောက်မှာ
သစ်ခွဥယျာဉ်ကိုရောက်ပါပြီ
ဒီပုံလေးကို စာရေးဆရာက ကြိုက်လွန်းလို့ သူ့ ကွန်ပျူတာမှာ wallpaper တောင်တင်ချင်တယ်တဲ့။
VIP သစ်ခွဥယျာဉ်ကိုရောက်ပြီ။ ဒီဥယျာဉ်ထဲမှာ VIP တွေစလုံးကို လာလည်စဉ်မှာ စိုက်ပျိုးခဲ့တဲ့ သစ်ခွပင်လေးတွေပဲ သီးသန့်ထားတာ။ စာရေးဆရာကတော့ မြန်မာပြည်က ဘယ်သူများ လာသွားသေးလဲ ဆိုပြီး လိုက်ရှာပါသေးတယ်။ ဒါပေမယ့် မတွေ့ခဲ့ပါဘူး။
ဟောဒီသစ်ခွကို မာဂရက်သက်ချာစိုက်ခဲ့တာတဲ့
ဂျပန်ဘုရင့်သမီး မာဆာကိုရဲ့ သစ်ခွ
ဒီဘက်ပိုင်းကတော့ Celebrity တွေ စိုက်ပျိုးထားခဲ့တဲ့ အပင်လေးတွေပါ။ ဒီအပင်လေးက ဒိုင်ယာနာ မင်းသမီးကို အမှတ်ရသောအားဖြင့် စိုက်ပျိုးထားတာတဲ့။
ဒီသစ်ခွပင်ကတော့ ကိုရီးယားမင်းသား ဘေယောင်ဂျွန်း စလုံးလာစဉ်က အမှတ်တရစိုက်ပျိုးခဲ့တာတဲ့။ ဒါကို စာရေးဆရာက သူစိုက်ထားတဲ့ အပင်လေးနဲ့ ရိုက်ဦးမှဆိုပြီး ဓါတ်ပုံရိုက်ခိုင်းလို့ ရိုက်ပေးခဲ့ရသေးတယ်။ :-)
အပြန်လမ်းမှာ ဒီလမ်းလေးကိုတွေ့တော့ သဘောကျတာနဲ့ အမှတ်တရရိုက်ခဲ့တာ
5 comments:
လှလိုက်တဲ့ သစ်ခွပန်းပုံလေးတွေ...။ ဓာတ်ပုံ အများကြီးကို စိတ်ရှည်လက်ရှည်နဲ့ တင်ပေးပြီး မျှဝေပေးလို့ ကျေးဇူးပါ ပါရမီဖြည့်ဖက်လေးရေ...။
နောက်တစ်ခေါက်တော့စလုံးရောက်ရင် အရောက်သွားဖြစ်အောင်သွားမယ် ပါရမီဖြည့်ဖက်လေးရေ။ သစ်ခွပန်းလေးတွေ ကြည့်လို့မဝပါလားနော်။
စေတနာပါပါနဲ့ ဓာတ်ပုံတွေတင်ပြထားလိုက်တာ အများကြီးပဲ ကျေးဇူးပါ။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
လှလိုက်တဲ့ သစ်ခွတွေ အသွေးစုံ အရောင်စုံနဲ့...မမရေ ကျေးဇူးပါလို့ ကိုယ်တိုင်ရောက်သွားသလိုပဲ ...
သစ်ခွတွေ လှလိုက်တာ အရောင်ကိုစုံနေတာဘဲ
တစ်ခါမှ မမြင်ဖူးတဲ့ အရောင်တွေလည်းပါတယ်..
တကယ်ကိုလှတယ်..
ကျေးဇူးပါ နော်..
ပန်းတွေ မြင်ရတာ ပျော်ဖို့ကောင်းတယ်
မျှဝေပေးတာကျေးဇူးပါ။
Post a Comment
ကျွန်မအတွက် အမှတ်တရစကားလေးတွေ ချန်ထားပေးခဲ့လို့ ကျေးဇူးပါနော်.....