Friday, February 18, 2011

"၀က်ခြေထောက်စွပ်ပြုတ်"

ကျွန်မက ၀က်ခြေထောက်ဝယ်ရင် များသောအားဖြင့် နူးအိနေအောင်ပေါင်း၊ ကန်စွန်းရွက်လေး အုပ်ပြီး ၀က်စတူးလေး လုပ်စားဖြစ်တာများတယ်။ ဒီတစ်ခါတော့ စာရေးဆရာက အရည်လေးလည်း သောက်ပြီး စားရအောင် Soup လေး လုပ်ပါဆိုတာနဲ့ ၀က်ခြေထောက်ကို စွပ်ပြုတ်လေးပဲ လုပ်လိုက် ပါတယ်။ နောက်တစ်ခါမှပဲ ၀က်ခြေထောက်ကို ၀က်စတူး လုပ်စားပါဦးမယ်။

ဝက်ခြေထောက်စွပ်ပြုတ်ကတော့ လွယ်မှလွယ်ပါ။ ၀က်ခြေထောက်ကို ရေစင်စင်ဆေးပါတယ်။ ဆား၊ အချိုမှုန့်၊ ပဲငံပြာရည် အကြည်ရည်နဲ့ နယ်ပါတယ်။ ဂျင်းနဲ့ ကြက်သွန်ဖြူ ဒါးပြားရိုက်ထားတာပါ ထည့်နယ် ပါတယ်။ ပြီးတော့ ရေများများထည့်၊ မီးဖိုပေါ်တင်ပြီး ခပ်ကြာကြာလေး ပြုတ်ပေးလိုက် ပါတယ်။ အနူးလိုရင် ရေဆူဆူ ထပ်ဖြည့် ထည့်ပါတယ်။ အသားနူးရင် အရည်အရသာကို အပေါ့ အငံလေး ပြင်ပေးပါတယ်။ အရသာလည်း အနေတော် ဆိုရင်တော့ ပန်းကန်းလေးထဲ ခပ်ထည့်ပြီး ငရုတ်ကောင်းမှုန့်လေးဖြူး၊ ကြက်သွန်မြိတ်လေး အုပ်လိုက်ပါတယ်။ အအီပြေအောင်တော့ နှစ်သက်ရာ အချဉ်လေးနဲ့ တွဲစားပေါ့နော်။

ဝက်ခြေထောက်စွပ်ပြုတ်လေး ရပါပြီ။




စာနည်းနည်းနဲ့ဆိုတော့ ပုံများများလေး တင်ပေးလိုက်တယ်နော်။


4 comments:

Baby taster said...

ရောက်တယ် ညလေးရေ
အမလည်း နေမကောင်းတော့ သိတ်မရောက်ဖြစ်ဖူး
သစ်တိုသီးပုံ ကဒီမှာနော်
http://babytaster.blogspot.com/2011/02/blog-post_07.html

ချော(အစိမ်းရောင်လွင်ပြင်) said...

ဝက်ခြေထောက်စွပ်ပြုတ်ကို တစ်ရေးနိုးထကျွေးလဲ စားတယ်
ထမင်းမစားရလဲ ကြိုက်တယ်
တအားကိုကြိုက်တာ
အသားထက် အခေါက်တွေကိုကြိုက်သူဆိုတော့ ပိုပြီးကြိုက်း)

Shinlay said...

ကြိုက်တယ်။ ခဏခဏ မစားဖြစ်အောင်ထိန်းနေရတယ်။
ခေါက်အိအိလေးဆို ကျမလည်းကြိုက်တယ်။

phyomgmgsoemyint said...

မိန်းမက မစားဘူးလို့ လုပ်ကျွေးပါဆိုလို တစ်ခါလေးလုပ်ကျွေးမိပါတယ် ဈေးရောက်တိုင်း ၀က်ခြေထောက်ဝယ်မယ်ဆိုတာချည်းပဲ ဟီးး

Post a Comment

ကျွန်မအတွက် အမှတ်တရစကားလေးတွေ ချန်ထားပေးခဲ့လို့ ကျေးဇူးပါနော်.....

Related Posts Plugin for WordPress, Blogger...