Monday, February 7, 2011

"ပုဇွန်အချိုကြော်"

ဒီနေ့တော့ လွယ်လွယ်ကူကူ ပုဇွန်အချိုကြော်လေး ကြော်ပါတယ်။ ကျွန်မက ပုဇွန်ကို ဆီပြန်ဟင်း ချက်တာ ထက် ခုလို ကြော်တာကို ပိုကြိုက်ပါတယ်။ ပုဇွန်ကို ခေါင်းဖြုတ်၊ အခွံခွာ၊ ဆေးကြော သန့်စင်ပြီး ဆား၊ ဆနွင်း၊ အချိုမှုန့် နယ်ထားပါတယ်။ ကြက်သွန်ဖြူ ခပ်ပါးပါးလှီးထားတယ်။ ကြက်သွန်နီကို လေးစိတ် စိတ်ပြီး ကန့်လန့်ဖြတ် ခပ်ထူထူ လှီးဖြတ် ထားပါတယ်။ ခရမ်းချဉ်သီးကို လေးစိတ် စိတ်ထားပါတယ်။ မီးဖိုပေါ် ဆီအိုးတင်၊ ဆီပူရင် ကြက်သွန်နီ ခပ်ထူထူ လှီးထားတာနဲ့ ကြက်သွန်ဖြူတွေ ထည့်ကြော်ပါတယ်။ ကြက်သွန် အနည်းငယ် နွမ်းလာရင် ခရမ်းချဉ်သီး ထည့်ပါတယ်။ ပြီးတော့ ပုဇွန်တွေ ထည့်ကြော်ပါတယ်။ ပုဇွန်ကွေး၊ ငါးနွေးလို့ လူကြီးတွေ ပြောကြတဲ့ အတိုင်း ပုဇွန်လေးတွေ ကွေးလာရင် စားလို့တော့ ဖြစ်ပါပြီ။ အပေါ့အငံ မြည်းပြီး လိုတာ ပြင်ပါတယ်။ ကျွန်မကတော့ ဒီဟင်းမှာ အငံ အတွက် ဆားပဲ သုံးပါတယ်။ ငံပြာရည်မသုံးပါဘူး။ အရသာ အနေတော် ဖြစ်ရင် ငရုတ်သီးစိမ်း သုံးလေး တောင့်ကို ထက်ခြမ်းခြမ်းပြီး ထည့်မွှေလိုက်ပါတယ်။ ဒါဆို ပုဇွန် အချိုကြော်လေး ရပါပြီနော်။

ကျွန်မအကြိုက် ပုဇွန်အချိုကြော်လေး




2 comments:

rose said...

ပုဇွန် အချိုကြော်လေး စားကောင်းမယ့်ပုံပဲ။ ရို့စ်က ပုဇွန်ဆို ခေါင်းကို သိပ်ကြိုက်တာ။ ပုဇွန်ဆီပာင်း အမေက ချက်ပေးရတယ်း)

Baby taster said...

ပုဇွန် အချိုကြော်လာစားတယ်။

Post a Comment

ကျွန်မအတွက် အမှတ်တရစကားလေးတွေ ချန်ထားပေးခဲ့လို့ ကျေးဇူးပါနော်.....

Related Posts Plugin for WordPress, Blogger...