Sunday, January 1, 2012

" ငါးခူကြော်ချက်နှင့် ငါးတန်ဆီပြန် "

လွန်ခဲ့တဲ့ တစ်ပတ်လောက်က ချက်စားဖြစ်တဲ့ ဟင်းလေးတွေပါ။ ကျွန်မတို့ လင်မယား ငါးဟင်း ဓါတ်ကျနေလို့ပါ။ Sheng Siong မှာ ငါးခူတွေ၊ ငါးတန်တွေ တွေ့တာနဲ့ ၀ယ်ချက်စားဖြစ်တာ။ ပင်လယ်ငါးမျိုးတွေဆိုတော့ ကျွန်မတို့ဆီက ရေချို ငါးတွေလောက် မချိုပေမယ့် အနံ့ မညှီတော့ စားလို့ ဖြစ်ပါတယ်။

ငါးခူကို အညှိအချွဲတွေစင်သွားအောင် မကျီးသီး၊ ဆားတို့နဲ့ တိုက်ဆေးပြီး ဆား၊ ဆနွင်း၊ အချိုမှုန့်နယ်ပါတယ်။ ပြီးတော့ ဆီပူပူမှာ မကျက်တကျက်လေး ကြော်လိုက်တယ်။ ကြက်သွန်ဖြူနီ ထောင်းထားတာကို ဆီသတ်ပါတယ်။ ကြက်သွန်ကျက်ရင် ခရမ်းချဉ်သီးနဲ့ ငါးပိစိမ်းစားလေး နည်းနည်းထည့်ပြီး ဆီသတ်တယ်။ ခရမ်းချဉ်သီးလေး လိပ်သွားရင် ငါးကြော်ထည့်၊ ငံပြာရည်၊ အချိုမှုန့်လေးထည့် လုံးပါတယ်။ ရေနွေး အနည်းငယ် ထည့်ပြီး ငါးကျက်ပြီး ဆီပြန်အောင် တည်ပါတယ်။ ဆီပြန်ပြီး အရသာနေတော်ဆို နံနံပင်လေး အုပ်ပြီး မီးပိတ်ပါတယ်။ ဒါဆို ငါးခူကြော်ချက်လေး ရပြီပေါ့။





ဘရိုကိုလီကြော်လေးနဲ့ စားတယ်။


ဒါက ငါးတန်ကိုချက်တာ။ ငါးခူချက်သလိုပဲ ချက်တာပါ။ ငါးတန်ကိုတော့ မကြော်ဘဲ ဒီအတိုင်းချက်ပါတယ်။




4 comments:

rose said...

I love fish curry... Your curries look so yummy :D

ချော(အစိမ်းရောင်လွင်ပြင်) said...

ဟင်းခွက်လေးတွေကြည့်ရတာ တကယ်ကို သွားရည်ကျချင်စရာ..
ထမင်းပူပူုလေးနဲ့ နယ်စားလိုက်ရရင် သိပ်ကောင်းမှာနော်

ရွှေရည် said...

ဟိုရက်ကအိမ်မှာ ငါးခူးကြောက်ချက်လေးချက်ကျွေးတာ ငါး မစားတဲ့ ကျနော့ညီမလေးတောင် အများကြီးစားတယ် ... :)

Unknown said...

NgaDan ko bal lo Eng lo call par tha le. I would like to buy NgaDan fish. I don't know how to call in Eng.

Post a Comment

ကျွန်မအတွက် အမှတ်တရစကားလေးတွေ ချန်ထားပေးခဲ့လို့ ကျေးဇူးပါနော်.....

Related Posts Plugin for WordPress, Blogger...