Sunday, December 18, 2011

" ကျွန်မရဲ့ဒီဇင်ဘာအားလပ်ရက် ခရီး " (၂)

Genting ကနေ ၁၂နာရီခန့်မှာ ကားစထွက်ပြီး လမ်းမှာ ဒေသထွက် စားသောက်ကုန် အရောင်းဆိုင်မှာ မိနစ်၃၀ခန့် ရပ်နားပါတယ်။ KL က ကျွန်မတို့တည်းမယ့် ဟိုတယ်ကို မွန်းလွဲ နှစ်နာရီခွဲဝန်းကျင်ခန့်ရောက်ပါတယ်။ ဟိုတယ်ရောက်တော့ Check In လုပ်၊ အထုပ်အပိုးတွေ အခန်းထဲမှာ ထားပြီး နေ့လယ်စာ ထွက်စားပါတယ်။ စားပြီးတာနဲ့ KLCC ဆီကို ချီတက်ပါတယ်။ စာရေးဆရာတို့ လုပ်ပုံမှာ KLCC ရှေ့လည်းရောက် ကျွန်မက ဓါတ်ပုံရိုက်ဖို့ အိုင်တင်လုပ်နေခါမှ ကင်မရာထုတ်၊ချိန်ပြီး ရိုက်မယ်အလုပ်၊ ဒီတော့မှ သိတယ် ကင်မရာထဲမှာ ဓါတ်ခဲမပါခဲ့ဘူးတဲ့လေ။ ဒီတော့ နှစ်ယောက်သား ဟိုကြည့် သည်ကြည့် ဖုန်းလေးနဲ့ ခဏ ဟိုရိုက်သည်ရိုက် လုပ်ပြီး ဟိုတယ်ပြန် အနားယူကြပါတော့တယ်။

နောက်တစ်နေ့နံနက်မှာ စောစာထ ဟိုတယ်က ကျွေးတဲ့ နံနက်စာသွားစားပြီး ရေမိုးချိုး အဆင်သင့်ပြင်ရတယ်။ နံနက် ၉နာရီခွဲလောက်မှာ Sunway Theme Park ကိုသွားဖို့ ဟိုတယ်ကို ကားလာကြိုပါတယ်။ သည်တော့ ကျွန်မတို့လည်း Tour ကကားနဲ့ Sunway ကိုသွားကြပါတယ်။ Sunway မှာ Park (၅) ခုရှိပါတယ်။ Water Park, Amusement Park, Wildlife Park,  Extreme Park  နဲ့ Scream Park တို့ပါ။ 

ကျွန်မတို့ကတော့ ပထမဆုံး Water Parkမှာ စပြီး ရေဆော့ပါတယ်။ ရေကူးတာ၊ ရေဘောကွင်း စီးတာ၊ လှိုင်းစီးတာအပြင် ရေလွှာလျှောလည်း စီးလို့ရပါတယ်။ ကျွန်မတို့ ရေကစားနေချိန်မှာ ကျွန်မတို့ ပစ္စည်းတွေ ကို သိမ်းထားခဲ့ဖို့ Locker လေးတွေ ငှားလို့ရပါတယ်။ ရေကစားပြီးတော့ ဗိုက်ဆာတာနဲ့ အဲဒီအနီးမှာပဲ နေ့လယ်စာ စားကြပါတယ်။ ပြီးတော့မှ Wildlife Park ဆီကို သွားပါတယ်။ တိရိစ္ဆာန်လေးတွေ ကို လိုက်ကြည့်ကြပါတယ်။ အဲဒီကနေ ဆက်သွားတော့ Amusement Park နဲ့ Scream Park ကိုရောက်ပါတယ်။ စီးစရာတွေကတော့ အစုံပါပဲ။ ဒါပေမယ့် ကြောက်တာနဲ့ တချို့ဟာတွေ မစီးရဲလို့ မစီးဖြစ်ခဲ့ဘူး။ Scream Park ကတော့ ကျွန်မကကြောက်တတ်လို့ လုံးဝကို မ၀င်ခဲ့ဘူး။ အဲဒီကနေ ကြိုးတံတားနဲ့ ကူးတော့ Extreme Park  ကိုရောက်တယ်။ အဲဒီ ကြိုးတံတားက ကမ္ဘာပေါ်မှာ အရှည်ဆုံး ကြိုးတံတားလို့ ရေးထားတာတွေ့ခဲ့တယ်။ ကြိုးတံတား ကူးရတာလည်း ကြောက်စရာကြီး အောက်မှာ ရေတွေကို မြင်နေရတယ်။ တံတားကြီးက လှုပ်လှုပ် လှုပ်လှုပ်နဲ့။ Extreme Park  မှာတော့ ဆိုင်ကယ်စီးတာ၊ သေနတ်ပစ်တာ အပြင် ခန္ဓာကိုယ်ကို ကြိုးနဲ့ သိုင်းပြီး ကောင်းကင်ကြိုးနဲ့ ရေကို ဖြတ်ပြီး စီးတာတွေရှိပါတယ်။ ကျွန်မကတော့ ကြောက်လို့ ဘာမှမစီးဘူး။ သူများစီးတာပဲ ထိုင်ကြည့်ခဲ့တယ်။ 

ညနေစောင်းလို့ Sunway ကပြန်တော့ KLCC ကို ထပ်သွားတယ်။ ဒီနေ့တော့ ဓါတ်ခဲပါလာတယ်ဆိုတော့ ဓါတ်ပုံလေးတွေ ကောင်းကောင်းရိုက်ဖြစ်တယ်။ 

နောက်တစ်နေ့နံနက်ပိုင်းမှာတော့ နံနက်စာစား၊ စောစာပဲ Check out လုပ် အထုတ်တွေ ဟိုတယ်မှာ အပ်ခဲ့ပြီး ဟိုတယ်အနားက Sungei Wang Palza မှာ Shopping လုပ်ကြပါတယ်။ ပြီးတော့ နေ့လယ်စာ စားပြီး စလုံးပြန်ဖို့ လာကြိုမယ့်ကားကို စောင့်ရပါတယ်။ ညနေသုံးနာရီမှာ ကားလာကြိုပြီး စလုံးကို ပြန်ခဲ့ကြပါတော့တယ်။ 

ဒီခရီးလေးဟာ ကျွန်မတို့ ဇနီးမောင်နှံအတွက် ပျော်ရွှင်စရာ ခရီးလေးတစ်ခု ဖြစ်ခဲ့တာတော့ အမှန်ပါပဲ။ နှစ်ယောက်သား အပူအပင်မရှိ စိတ်လွတ်ကိုယ်လွတ် ပျော်ခဲ့ကြပါတယ်။ 


KLCC ကို ကျွန်မတို့ တည်းတဲ့ ဟိုတယ်ကနေ လှမ်း မြင်နေရတာ







Sunway Park ကိုဝင်ဖို့ လက်မှတ်တန်းစီနေကြတာ


Water Park ကိုရောက်ပြီ









Wildlife Park ထဲမှာ






























Amusement Park ကိုရောက်ပါပြီ။
ဒီဟာကြီးက ကြောက်စရာကြီး



ဟောသလို ဇောက်ထိုးဖြစ်ပြီး တစ်ပတ်လည်တာ








Scream Park ထဲတော့ မ၀င်ခဲ့ဘူး။ ကြောက်တတ်လို့။




ဒီဟာလည်းဇောက်ထိုးဖြစ်တဲ့ အထိလည်တာပဲ။


ကြိုးတံတားဖြတ်ခဲ့တော့  Extreme Park  ကိုရောက်ပြီ။







ဒီလို ကောင်းကင်ကြိုးစီးကြတာ












KLCC ကိုသွားလည်ကြတယ်။









ဟောဒါက ပြန်မယ့်နေ့မှာ ဟိုတယ် Lobby ထဲမှာ ခရစ်စမတ်အတွက် အလှဆင်ထားတာလေးတွေလို့ ရိုက်လာတာ။

ပါရမီဖြည့်ဖက်လေး
၁၈.၁၂.၂၀၁၁
၂၂း၃၂ နာရီ

2 comments:

mstint said...

ကိုယ်တိုင်ရောက်ဖူးသွားသလိုပါပဲ ပါရမီဖြည့်ဖက်လေးရေ ကျေးဇူးပါ။
စုံစုံလင်လင်ဓာတ်ပုံတွေမြင်ရတော့ အလည်တစ်ခေါက်တော့
အရောက်သွားဖြစ်ဘို့ သေချာသလောက်ဖြစ်နေပြီး)
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

Sandakuu said...

ပါရမီဖြည့်ဖက်လေးနဲ့ အတူတူလိုက်လည်လိုက်တယ်.. ပုံတွေပေါ်မှာ နေရာစုံရောက်သွားတယ်..
ကူးတော့ဘယ်မှလည်ဖြစ်မယ်မထင်ဘူး...

Post a Comment

ကျွန်မအတွက် အမှတ်တရစကားလေးတွေ ချန်ထားပေးခဲ့လို့ ကျေးဇူးပါနော်.....

Related Posts Plugin for WordPress, Blogger...