Sunday, December 4, 2011

" ကျွန်မရဲ့ထမင်းလိပ်လေးများ "

ဒီနေ့ ကိုရီးယား ထမင်းလိပ် လုပ်စားဖြစ်တယ်။ ထမင်းလိပ်ကို လွန်ခဲ့တဲ့ လေးငါးနှစ်လောက်က ရန်ကုန်မှာ ကိုးရီးယားကားတွေ ခေတ်ထနေချိန်မှာ စပြီး လုပ်စားဖူးတာ။ ကိုရီးယားပိုးပေါ့လေ။ အခုနောက်ပိုင်း မလုပ်စား ဖြစ်တာကြာပြီ။ တလောက ဈေးသွားရင်း Sheng Siong မှာ ဆူရှီဆန်တွေ့တာနဲ့ လုပ်စားဦးမှ ဆိုပြီး ၀ယ်ခဲ့တယ်။ မအားတာနဲ့ ဒီနေ့မှ လုပ်စားဖြစ်တယ်။

ထမင်းလိပ်လုပ်ဖို့ ဆူရှီဆန်ကိုရေဆေးပြီး မိနစ်နှစ်ဆယ်ခန့် ရေစိမ်ထားပါတယ်။ ပြီးမှ စိမ်ထားတဲ့ရေတွေ သွန်ပြီး ချက်ဖို့ ရေအသစ်ထည့်ပြီး Rice Cooker နဲ့ ချက်ပါတယ်။ ထမင်းချက်ထားတုန်းမှာ မုန်လာဥနီ၊ သခွားသီး၊ ကြက်အူချောင်း (chicken sausage) တို့ကို အချောင်းလိုက် အရှည်လေးတွေ လှီးဖြတ်ထားပါတယ်။ ကြက်ဥကို ဆား၊ အချိုမှုန့်နဲ့ ခေါက်မွှေပြီး ခပ်ပါပါး အပြားပြားကြီးကြီး ကြော်လိုက်ပါတယ်။ ပြီးတော့ ထမင်းလိပ်ထဲ ထည့်လိပ်မယ့် အရွယ်တော် အရှည်လိုက် ပါးပါး လှီးပါတယ်။ ထမင်းကျက်ရင် ထမင်းထဲကို ဆားအနည်ငယ်ထည့်ပြီး မွှေပါတယ်။ အားလုံး အဆင်သင့်ဖြစ်ရင် စလိပ်ပါတယ်။ ထမင်းလိပ် လိပ်တဲ့ ယင်းလိပ်ကို ဖြန့်ခင်း၊ ယင်းလိပ်ပေါ်မှာ ရေညှိဖတ်ခင်းပါတယ်။ ထမင်းတွေကို ရေညှိရွက် တစ်ဝက်ခန့်အထိခင်းပါတယ် ထမင်းခင်းထားတဲ့ အပေါ် အလယ်လောက်မှာ လှီးထားတဲ့ သခွားသီး၊ မုန်လာဥနီ၊ ကြက်ဥချောင်း၊ ကြက်ဥကြော်တွေထည့်ပါတယ်။ ပြီးတော့ ထမင်းခင်းထားတဲံ့ ဘက်ကနေစပြီး တစ်ဖက်ကို လိပ်သွားပါတယ်။ အလိပ်အဆုံးမှာ ထမင်းစေ့လေး နည်းနည်းထည့်ပြီး အဆုံးသတ်လိပ်ပါတယ်။ ပြီးတော့ ယင်းလိပ်နဲ့ ပတ်လိပ်ပြီး ကျစ်သွားအောင်နာနာလေး ထပ်လိပ်ပေးပါတယ်။ ပြီးရင် ဒါးလေးနဲ့ အနေတော်လေးတွေ လှီးဖြတ်ပါတယ်။ ဒါဆို ထမင်းလိပ်လေးရပါပြီနော်။ 

ကျွန်မရဲ့ ထမင်းလိပ်လေးများ




2 comments:

ချော(အစိမ်းရောင်လွင်ပြင်) said...

လှလှလေးနဲ့ စားချင်စရာလား
မစားဖြစ်တာကြာသွားပြီ
စားချင်စိတ်တွေ တဖွားဖွား ပေါ်လာတယ်

mstint said...

ကံကောင်းတဲ့ ဆူးသစ်တစ်ယောက် ထမင်းလိပ်တွေကို
အားရပါးရ စားနေတဲ့ ပုံစံကို မြင်ယောင်နေမိပါတယ်
ပါရမီဖြည့်ဖက်လေးရေး))
တီတင့်လည်း မြင်ပြီးစားချင်လာပြီ အားပေးသွားတယ်နော်း)
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

Post a Comment

ကျွန်မအတွက် အမှတ်တရစကားလေးတွေ ချန်ထားပေးခဲ့လို့ ကျေးဇူးပါနော်.....

Related Posts Plugin for WordPress, Blogger...