Friday, July 15, 2011

"မမေ့နိုင်တဲ့ ရန်ကုန်အိမ်မှ ဟင်းလျာများ"

ရန်ကုန်ပြန်တုန်းက ရန်ကုန်အိမ်က ချက်ကျွေးတာလေးတွေပါ။ အစကတော့ ချက်ကျွေးသမျှအကုန်လုံး ဓါတ်ပုံရိုက်ဖို့ စိတ်ကူးရှိပေမယ့် ရောက် ရောက်ချင်းနေ့သာ သတိရပြီး နောက်ပိုင်းရက်တွေမှာ စားဖို့ပဲစိတ်ဝင်စားနေလို့ ဓါတ်ပုံရိုက်ဖို့ အချိန်တောင်မရလိုက်ဘူး။ အခုတော့ ရိုက်လာခဲ့မိ သမျှလေးတွေပေါ့။

ကျွန်မအကြိုက်ဆုံးမျှစ်တာလပေါဟင်း။ ရောက်တဲ့နေ့စားလို့ရအောင် အိမ်ကလူတွေက မျှစ်ကို ကြိုဝယ် ထားကြတယ်တဲ့။




ပုဇွန်ကြော်


ငါးပိသုပ်စပ်စပ်လေး


ကျွန်မအကြိုက်ငါးဖယ်ချဉ်သုပ်


ဟောဒါလေးလည်း ကျွန်မကြိုက်တာပဲ။ ဖလံတောင်ဝှေးကြော်။


 ဒါကတော့ ကြက်သားနဲ့အာလူး။ စလုံးမှာ ကြက်သားပေါပေမယ့် ရန်ကုန်က ဗမာကြက်ရဲ့အရသာလေးနဲ့တော့ မယှဉ်နိုင်ဘူး။

5 comments:

July said...

ညီမရေ အမနဲ့ မျှစ်တာလပေါဟင်း ကြိုက်ပုံချင်း တူလိုက်တာ၊ အမ ရန်ကုန် မပြန်ခင်တုန်းကလဲမေမေက ဘာဟင်းစားချင်လဲ မေးတော့ တာလပေါဟင်း လို့အားရပါးရ တောင်းဆိုတာ။ ပြန်ရောက်တဲ့ နေ့မှာ တင် ဒီဟင်း သောက်လိုက်ရတော့ ကျေနပ်ရော :P
ခုတော့ လဲ တာလပေါဟင်း ကိုရော မေမေ့ ကိုရော လွမ်းလိုက်တာနော်...

Iora said...

အိုးအားလုံးအကြိုက်တွေချည့်ဘဲ။ ဖလံတောင်ဝေး၊ ပုဇွန်သေးသေးလေး၊ တာလပေါဟင်း၊ ......
မြန်မာပြည်ကအသားတွေ ရေထိုးထားတာတောင် ဒီကအသားတွေက သူတို့ ကိုမမှီဘူး။ နော်။

Cameron said...

ခဏအလည်ပြန်လာသူတွေအတွက် အဖိုးမဖျက်နိုင်တဲ့ ဟင်းလျာတွေပဲ...။

mstint said...

စုံစုံလင်လင် ဟင်းပွဲလေးတွေ အားပေးသွားပါတယ်ကွယ်။

မေတ္တာဖြင့်
အန်တီတင့်

Michelle Myat said...

အမ ...ငပိသုတ်ဘယ်လိုသုပ်ရလဲသိလားဟင် ... ပြောပြပါလား

Post a Comment

ကျွန်မအတွက် အမှတ်တရစကားလေးတွေ ချန်ထားပေးခဲ့လို့ ကျေးဇူးပါနော်.....

Related Posts Plugin for WordPress, Blogger...