Saturday, July 23, 2011

"ပုဇွန်သုပ်"

မနေ့က အိမ်မှာ ပုဇွန်တွေဝယ်ထားတာရှိတာနဲ့ သုပ်စားဖြစ်တယ်။ ဟင်းချက်ရင်ကြာနေမှာစိုးလို့ လွယ်လွယ်ကူကူ သုပ်စားတာ။ ပြီးတော့ ကျွန်မရော စာရေးဆရာပါ ပုဇွန်သုပ်ကြိုက်တယ်။ 

ပုဇွန်ကို အမြီးခေါင်းဖြုတ်၊ ကျောခွဲပြီး ရေဆေး သန့်စင်လိုက်တယ်။ အိုးတစ်လုံး ထဲမှာ ရေထည့်တည်တယ်။ ရေဆူလာရင် သန့်စင်ထားတဲ့ ပုဇွန်တွေ ထည့်လိုက်တယ်။ ပုဇွန်လေးတွေ ကွေးပြီး အနီရောင်သန်းလာတာနဲ့ မီးပိတ်ပြီး ရေနွေးထဲက ပုဇွန်တွေကို ဇကာနဲ့ စစ်လိုက်တယ်။ ပြီးတော့ ပုဇွန်ကို ကပ်ကြေးနဲ့ အနေတော်လေးတွေ ကိုက်ဖြတ်လိုက်တယ်။ 

ကြက်သွန်နီပါးပါးလှီး ရေဆေးပြီး စစ်ထားတယ်။ နံနံပင်၊ ငရုတ်သီးစိမ်း ပါးပါးလှီးထားတယ်။ သံပုရာသီး တစ်လုံး ကို စိတ်ထားတယ်။ အားလုံးအဆင်သင့် ဖြစ်ရင် ပုဇွန်နဲ့ လှီးချွတ်ထားတာတွေ အားလုံး ရောထည့်၊ သံပုရာရည်ညှစ်၊ အချိုမှုန့်နဲ့ ငံပြာရည်လေးထည့်ပြီး ရောနယ်သုပ်ပါတယ်။ ကျွန်မတို့ကတော့ ချဉ်ငံစပ်လေး သုပ်စားတယ်။




3 comments:

mstint said...

ရိုးရိုးရှင်းရှင်းနဲ့ စားလို့ကောင်းတဲ့ ပုစွန်သုပ်အကြောင်း ဖတ်သွားတယ်နော်။
ပျော်ရွှင်ပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

Aunty Oo said...

အမြင်နဲ.တင်စားချင်စဖွယ်ပါ။ဘယ်တော့စားစားရိုးအီမသွားတဲ့ဟင်းမယ်ကောင်းလေးတစ်ခွက်ပါကွယ်။

Unknown said...

ထမင်းစားပးပြီကာစတောင် ပြန်စားချင်လာပြီ။

Post a Comment

ကျွန်မအတွက် အမှတ်တရစကားလေးတွေ ချန်ထားပေးခဲ့လို့ ကျေးဇူးပါနော်.....

Related Posts Plugin for WordPress, Blogger...