ဟင်းတွေကထပ်နေပြီ။ ဘာဟင်းချက်စားရမှန်းမသိတာနဲ့ ပုဇွန်ကို မရိုနိစ် နဲ့ ချက်စားဖြစ်တယ်။ ပုဇွန်ကို အခွံခွာ၊ ကျောခွဲ၊ ရေဆေးပြီး ဆား၊ ငရုတ်ကောင်းမှုန့်နဲ့ နယ်ထားပါတယ်။ နာရီဝက်ခန့်နှပ်ထားပြီးရင် ပုဇွန်တွေကို တန်ပူရာမှုန့်၊ ကြက်ဥအကာတို့နဲ့ ရောနယ်ပြီး ဆီပူပူများထည့်ကြော်ပါတယ်။ ကြော်ပြီးသား ပုဇွန်တွေကို ဆီစစ်ပါတယ်။ ပန်းကန်တစ်လုံးမှာ မရိုနိစ်အနည်းငယ်နဲ့ သံပုရာရည် အနည်းငယ်ကို ရောမွှေပါတယ်။ ပုဇွန်ကြော်တွေ ဆီခြောက်ပြီဆို မရိုနိစ်ဖျော်ထားတဲ့ပန်းကန်ထဲကို ပုဇွန်ရောထည့်ပြီး သမအောင်မွှေပါတယ်။ ခရမ်းချဉ်သီး အကွင်းလေးတွေလှီးပြီး တွဲဖက်လိုက်ရင်တော့ ပုဇွန်မရိုနိစ်လေးရပါပြီ။ ဆလတ်ရွက်လေး ပါရင်တော့ ပိုကောင်းမှာပါ။
Nasi Lemak Sambal (မလေး ငပိချက်)
-
မနေ့က အိမ်မှာ မလေးရှား အုန်းထမင်း (Nasi Lemak) ချက်မှာမှို့ သူနဲ့
တွဲဖက်စားမည့် sambal (မလေး ငပိချက်) ကို အရင်ချက်ထားပါတယ်။ပထမဆုံး
ငရုပ်သီးတောင့် ၂၀ ခန့်က...
1 week ago




1 comments:
အလည်လာသွားတယ် ပါရမီဖြည့်ဖက်လေးရေ..
အန်တီတင့်ရဲ့ လင့်ခ်အသစ်ပါ http://www.auntytint.blogspot.com
Post a Comment
ကျွန်မအတွက် အမှတ်တရစကားလေးတွေ ချန်ထားပေးခဲ့လို့ ကျေးဇူးပါနော်.....