ဟင်းတွေကထပ်နေပြီ။ ဘာဟင်းချက်စားရမှန်းမသိတာနဲ့ ပုဇွန်ကို မရိုနိစ် နဲ့ ချက်စားဖြစ်တယ်။ ပုဇွန်ကို အခွံခွာ၊ ကျောခွဲ၊ ရေဆေးပြီး ဆား၊ ငရုတ်ကောင်းမှုန့်နဲ့ နယ်ထားပါတယ်။ နာရီဝက်ခန့်နှပ်ထားပြီးရင် ပုဇွန်တွေကို တန်ပူရာမှုန့်၊ ကြက်ဥအကာတို့နဲ့ ရောနယ်ပြီး ဆီပူပူများထည့်ကြော်ပါတယ်။ ကြော်ပြီးသား ပုဇွန်တွေကို ဆီစစ်ပါတယ်။ ပန်းကန်တစ်လုံးမှာ မရိုနိစ်အနည်းငယ်နဲ့ သံပုရာရည် အနည်းငယ်ကို ရောမွှေပါတယ်။ ပုဇွန်ကြော်တွေ ဆီခြောက်ပြီဆို မရိုနိစ်ဖျော်ထားတဲ့ပန်းကန်ထဲကို ပုဇွန်ရောထည့်ပြီး သမအောင်မွှေပါတယ်။ ခရမ်းချဉ်သီး အကွင်းလေးတွေလှီးပြီး တွဲဖက်လိုက်ရင်တော့ ပုဇွန်မရိုနိစ်လေးရပါပြီ။ ဆလတ်ရွက်လေး ပါရင်တော့ ပိုကောင်းမှာပါ။
မုံလာ ချဉ်ဖတ် ပဲတီချဉ် တည်နည်း
-
ဆန် ဆေးရေ ၅၀၀ မီလီထဲကို ဆား ၁.၅ စားပွဲဇွန်း နဲ့ ထမင်း စားပွဲဇွန်း
၂ဇွန်းစာခန့် ထည့်မွှေပါ။ မုံလာဥကို အခွံသင် ပါးပါးလေးတွေ လှီး (သို့)
ပိုးတီလို အရှည်လိုက်ရ...
1 week ago




