Monday, March 4, 2013

"ငါးပြေမ အချဉ်ဆီပြန်"


ဒီတစ်ခါတော့ ဈေးထဲမှာ ငါးပြေမကြီးတွေတွေ့တာနဲ့ ၀ယ်ခဲ့တယ်။ ငါးပြေမကို အချဉ်ဆီပြန်လေး ချက်စားရတာကို သိပ်ကြိုက်တယ်။

ငါးပြေမကို ဗိုက်ခွဲ၊ အကြေးထိုး၊ ဘေးဆူးတောင်တွေလှီးထုတ်ပြီး ရေဆေး၊ ဆားဆနွင်းအချိုမှုန့် နယ်ထားပါတယ်။ ကြက်သွန်ဖြူနီ ငရုတ်သီးတစ်စုံ ထောင်းပါတယ်။ မန်ကျည်းသီးကို ရေဆေးပြီး ရေနွေးလေး နဲ့ စိမ်ထားပါတယ်။

ဒယ်အိုးထဲမှာ ဆီပူရင် ကြက်သွန်ထောင်းထားတာ ထည့်ြ့ပီးဆီသတ်ပါတယ်။ ကြက်သွန်ကျွတ်လာရင် ငါးထည့်၊ ငံပြာရည်နဲ့ အသားမှုန့်ထည့်လုံးပါတယ်။ ခဏလောက် ငရုတ်သီး ဆီသတ်နဲ့ငါးကို ရောလုံးပြီးမှာ ရေနွေး ထည့်ပြီး တည်ပါတယ်။ ငါးနူးရင် မကျည်းရည်ထည့် တည်ပါတယ်။ ရေခန်းလို့ ဆီပြန်ရင် ငါးပြေမ အချဉ်ဆီပြန်လေး သုံးဆောင်လို့ရပါပြီနော်။



1 comments:

Iora said...

ဟင်းတွေကစားချင်စရာချည့်ဘဲကွယ်။
ငါးပြေမဖရိုးဇန်းတွေပဲရှိလို့ မစားဖြစ်ဘူး။ မစားရတာလည်းကြာပေါ့။
ဒီကနေဘဲစားသွားတော့မယ်နော်။
အိုင်အိုရာ

Post a Comment

ကျွန်မအတွက် အမှတ်တရစကားလေးတွေ ချန်ထားပေးခဲ့လို့ ကျေးဇူးပါနော်.....

Related Posts Plugin for WordPress, Blogger...