Monday, July 2, 2012
" ဘန်ကောက်မှာ စားစရာ "
လွန်ခဲ့တဲ့ တစ်ပတ်လောက်က ကျွန်မ ဘန်ကောက်ကို အလုပ်ကိစ္စနဲ့ ခဏရောက်ဖြစ်တယ်။ ကျွန်မက အစားအသောက် ချက်ပြုတ် စားသောက်ရတာ ၀ါသနာပါသူဆိုတော့ ထိုင်းအစားအစာလေးတွေ စားကြည့်ပြီး ဘာတွေထည့်ချက်တယ်။ ဘယ်လိုအရသာရှိလဲ လေ့လာကြည့်တယ်။ အလုပ်အားရင်တော့ ကိုယ်တိုင် စမ်းချက်ကြည့်ရအောင်ပေါ့။ ဒီတော့ အစားအစာတွေကိုလည်း ပုံလေးတွေ ရိုက်လာခဲ့တယ်။ အလုပ်များနေတာနဲ့ ဟင်းတွေလည်း ကိုယ်တိုင်မချက်ဖြစ်တာကြာပေါ့။ ဒီတော့ ခရီးသွားတုန်းက ရိုက်ခဲ့တဲ့ စားစရာပုံလေးတွေကို ကုန်ကြမ်းလုပ်ပြီး ပို့စ်တစ်ခုလောက် တင်လိုက်ပြီနော် :)
MBK Shopping Mall က Shabushi ဆိုင်က ဘူဖေး ဟော့ပေါ့နဲ့ ဆူရှီ။ ဒီဆိုင်မှာစားရဖို့ နာရီဝက်ကျော်လောက် တန်းစီလိုက်ရတယ်။ ဘူဖေးဆိုပေမယ့် ကိုယ့်အလှည့်ရောက်လို့ နေရာရပြီဆိုတာနဲ့ အချိန်စမှတ်တယ်။ စားချိန်ကို တစ်နာရီလောက်ပေးတယ်။ အချိန်ကျော်ရင် ငွေထပ်ကောက်တယ်။
ဒါလည်း Shabushi ပဲ။ ဒီဆိုင်က Big C Shopping Mall မှာ။ ဒီ Mall မှာက လူနည်းတော့ စောင့်စရာမလိုဘူး။ 
ကဲ ကိုယ်ကြိုက်တဲ့ ပန်းကန်လှမ်းဆွဲရုံပဲ :)
ကျွန်မအကြိုက် ကွေ့သယို
 ဒီကွေ့သယိုက နောက်တစ်ဆိုင်မှာ
သင်္ဘောသီးထောင်း
ဒါက Siam Paragon မှာ၊ ကောက်ညှင်းဆန်နဲ့ စားတာ။
ဒီသင်္ဘောသီးထောင်းကတစ်မျိုး။ လမ်းဘေးက၀ယ်စားတာ။ ဂဏန်းတွေထောင်းထည့်ထားပြီး ငါးပိရေကျိုနဲ့ ထောင်းတာ။ ပုဇွန်ခြောက်မသုံးဘူး။ စားခဲ့သမျှသင်္ဘောသီးထောင်းထဲမှာ အကြိုက်ဆုံးပဲ။ ဈေးလည်းမကြီးဘူး။
ဒါက ထမင်းနဲ့စားဖို့ ငါးပိတို့စရာ။
ထမင်းပေါင်း
ငါးပိထမင်းကြော်
ဝက်ခြေထောက်ပေါင်းနဲ့ ခရမ်းသီးနှပ်။
ဝက်သားကြော်နဲ့ မျှစ်ချဉ်စပ်။
ဒါက မျှစ်ဟင်း။ ကျွန်မတို့ချက်တဲ့ မျှစ်တာလပေါနဲ့ ခပ်စင်စင်ပဲ။
 ဒါက မှိုဟင်း။ မျှစ်ဟင်းလိုပဲ။ ဒါပေမယ့်သူက မှိုမျိုးစုံနဲ့ ချဉ်စပ်လေးချက်ထားတ။ ဆူးပုတ်နဲ့ ပင်စိမ်းအုပ်တယ်။
ဒီမှိုဟင်းက လမ်းဘေးက တွန်းလှည်းနဲ့ ရောင်းတဲ့ဆိုင်က၀ယ်စားတာ။ စားလို့ ပိုကောင်းတယ်။
MK ဟော့ပေါ့ဆိုင်မှာပါ။ MK ကဘဲကင် အရမ်းကောင်းတယ်။ ပုံထဲမှာတောင် မပါတော့ဘူး။ ပန်းကန်လေးက ပြောင်လို့ :)
ဒါကတော့ ဟော်တယ်နားကဆိုင်မှာစားတာ။
ကန်စွန်းရွက်ကြော်
တုံယမ်းဟင်းချို
ငါးသံပုရာပေါင်း
Pad Thai ၊ ဆန်ခေါက်ဆွဲကြော်ပေါ့
ကဲ- မိတ်တွေတို့ ကျွန်မကတော့ ဟင်းလျာမျိုးစုံနဲ့ ဧည့်ခံထားတယ်နော်။ စိတ်ကြိုက်သာ သုံးဆောင်သွားကြပါ။ :D
6 comments:
mstint said...
စားစရာတွေစုံလင်နေတာပဲ ပါရမီဖြည့်ဖက်လေးရေ။ မမြင်တာကြာလို့ မောင်ဆူးသစ်ကိုမေးတော့မှ ပြန်တော်ပြန်သွားမှန်းသိတား)
ထိုင်းသင်္ဘောသီးထောင်းတော့ တစ်ကြိမ်စားဘူးပါရဲ့ အစပ်ကြောက်တဲ့ တီတင့်နဲ့က အဆင်မပြေဘူးကွယ်း)
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေနော်။
မေတ္တာဖြင့်
အန်တီတင့်
ချော(အစိမ်းရောင်လွင်ပြင်) said...
ဗိုက်အရမ်းဆာနေတာ
ပုံတွေကြည့်ပြီး မနေနိုင် မထိုင်နိုင်ကို စားချင်လာတယ်
ထိုင်းအရသာကိုတော့ ကြိုက်ပြီးသား
blackroze said...
အမရေ
အားရပါးရကို သရေကျသွားပါတယ်..
အမ်တီအန် said...
ထိုင်းအစားအစာတွေက တရုပ်စာနဲ့ အစပ်ကြိုက်သူတွေနဲ့ဆို အတော်ပဲ။ ကျွန်မလည်း ထိုင်းစာကြိုက်တယ်။ ထမင်းပေါင်းလေးက အတော်ကောင်းမယ့်ပုံ..။
Leo said...
သင်္ဘောသီးထောင်းက တန်လာအို (ဆွန်တန်လာအို) စတိုင်လ်ဖြစ်လိမ့်မယ်။ သူက ပလားလို့ခေါ်တဲ့ ငါးပိရည်နဲ့ ဂဏန်းဆားရည်စိမ်ကို ထည့်သုတ်တာ။ တခါတလေ ဘောစကိုင်းစေ့တွေလဲ ပါတက်တယ်။
(လီယို)
Unknown said...
စားစရာလေးတွေတွေ့တော့သွားရည်ယို
Post a Comment
ကျွန်မအတွက် အမှတ်တရစကားလေးတွေ ချန်ထားပေးခဲ့လို့ ကျေးဇူးပါနော်.....
Related Posts Plugin for WordPress, Blogger...