Friday, March 16, 2012

" ၀က်သားမျှစ်ချဉ်၊ ခရမ်းချဉ်သီးငါးပိချက်နဲ့ ငါးကြော် "

ဟိုတလောက ၀က်သားနဲ့ မျှစ်ချဉ်ချက်စားကြတယ်။ မျှစ်ချဉ်ကို ငါးပိစိမ်းစား အနည်းငယ်နဲ့ နယ်ပြီး ရေထည့်ပြုတ်တယ်။ ၀က်သားကို ဆား၊ အချိုမှုန့်၊ ပဲငံပြာရည်အကြည်ရည်နဲ့ နယ်ထားတယ်။ ကြက်သွန်ဖြူနီဂျင်း ထောင်းထားတာကို အရောင်တင်မှုန့်ထည့် ဆီသတ်တယ်။ ဆီသတ်မွှေးလာရင် ၀က်သားထည့်၊ ငံပြာရည်နဲ့ အချိုမှုန့်ထည့်လုံးတယ်။ ၀က်သားကထွက်တဲ့ ရေခန်းလို့ မွှေးလာရင် ပြုတ်ထားတဲ့ အိုးထဲကမျှစ်ဖတ်တွေဆယ်ထည့်ပြီး လုံးတယ်။ ဆီပြန်ရင် မျှစ်ပြုတ်အိုးထဲ အားလုံးပြောင်းထည့် ရေလိုသလို ထည့်ပြီး ၀က်သားရော၊ မျှစ်ပါနူးသည် အထိ တည်တယ်။ အပေါ့အငံပြင်တယ်။ ခရမ်းချဉ်သီး ငါးပိချက်လည်း ချက်ဖြစ်တယ်။ ခရမ်းချဉ်သီးငါးပိချက် ကတော့ အရင်ကလည်း ပို့စ်တင်ဖူးပါတယ်။

နောက်တစ်မျိုးကတော့ ငါးကြော်ပါ။ ဈေးထဲမှာ ပင်လယ်ငါးသေးသေးလေးတွေ တွေ့တာနဲ့ ၀ယ်လာခဲ့တယ်။ ငါးလေးတွေကို ဗိုက်ဖောက်၊ ဆေးကြောပြီး ဆား၊ဆနွင်း၊ အချိုမှုန့်နဲ့ နယ်တယ်။ ပြီးတော့ ဆီပူမှာ ကျွတ်နေအောင်ကြော်ပြီး ဆယ်ထားတယ်။ ဆီးနည်းနည်းမှာ ကြက်သွန်ဖြူပါးပါးလှီး၊ ကြက်သွန်နီပါးပါးလှီးထားတာ ထည့်ကြော်တယ်။ ကြက်သွန်ကျွတ်လာရင် ငရုတ်သီးအရောင်တင်မှုန့်နဲ့ ငရုတ်သီးလုံးကွဲထည့်၊ ငါးကြော်တွေထည့်ရောပြီး မီးပိတ်လိုက်တယ်။ အဲဒါဆို ငါးကြော်လေးတွေ ရပါပြီ။


3 comments:

ချော(အစိမ်းရောင်လွင်ပြင်) said...

မျှစ်ချဉ်ကိုတော့ကြိုက်မှကြိုက်
ငပိချက်လည်းကြိုက်တယ်
ညသန်းကောင်ဆိုတော့ ဗိုက်ဆာတဲ့အချိန်ဘဲလေ
ပြောရင်းနဲ့ ဗိုက်ဆာလိုက်တား)

Iora said...

မျှစ်ချဉ်သိပ်ကြိုက်တာ။ ချက်ရင်အနံ့ ပြင်းလွန်းအားကြီးလို့ သိပ်မချက်ရဲဘူး။
စားချင်လိုက်တာကွယ်။

Unknown said...

ချက်စားကြည့်မယ် အမ
ကျေးဇူးး ပါ

Post a Comment

ကျွန်မအတွက် အမှတ်တရစကားလေးတွေ ချန်ထားပေးခဲ့လို့ ကျေးဇူးပါနော်.....

Related Posts Plugin for WordPress, Blogger...