Friday, March 2, 2012

" ငါးရံ့ခေါင်းဒန့်သလွန်သီးချဉ်ရည်၊ ကြက်သားအာလူးနဲ့ ငါးပိတို့စရာ "

ဟိုတလောက ချက်စားဖြစ်တာလေးပါ။ ငါးရံ့တွေဝယ်ချက်စားပြီး ခေါင်းတွေကျန်နေတာနဲ့ ငါးရံ့ခေါင်းကို ဒန့်သလွန်သီးနဲ့ ချဉ်ရည်ဟင်းချက်တယ်။ ငါးရံ့ခေါင်းကို ဆား၊ ဆနွင်း၊ အချိုမှုန့်နဲ့ နယ်ထားတယ်။ ဒန့်သလွန်သီးကို ခြစ်ပြီး အပိုင်းလေးတွေ ဖြတ်တယ်။ ကြက်သွန်ဖြူ၊နီထောင်းပြီး အရောင်တင်မှုန့်ထည့် ဆီသတ်တယ်။ ဆီသတ်မွှေးလာရင် ခရမ်းချဉ်သီး လှီးထားတာ ထည့်ဆီသတ်တယ်။ ခရမ်းချဉ်သီးလိပ်သွားရင် ငါးခေါင်းထည့်လုံးတယ်။ နောက်တော့ ဒန့်သလွန်သီးတွေပါ ထည့်၊ ငံပြာရည်နဲ့ အချိုမှုန့်ထည်ပြီး မွှေးသည်အထိလုံးတည်တယ်။ ဟင်းမွှေးလာရင် ရေနွေးထည့်တည်တယ်။ ဒန့်သလွန်သီးရော ငါးခေါင်းတွေပါရရင် မကျည်းရည်ဖျော်ထည့်ပြီး အပေါ့အငံမြည်းပြီးရင် ရပါပြီ။ နံနံပင်လေးကို တော့ စားခါနီးမှ အုပ်ပြီးစားတယ်။

အဲဒီနေ့က ကြက်သားအာလူးဟင်းလည်း ချက်တယ်။ ကြက်သွန်ဖြူနီဂျင်းနဲ့ အရောင်တင်မှုန့်ရော ဆီသတ်တယ်။ ဆီသတ်ရရင် ဆားဆနွင်းနယ်ထားတဲ့ ကြက်သားထည့်၊ ငံပြာရည်နဲ့ အချိုမှုန့်ထည့်ပြီး လုံးတယ်။ ကြက်သားက ထွက်တဲ့ ရေခန်းရင် ရေဆူထည့်ပြီး ကြက်သားနူးသည်အထိ တည်တယ်။ အားလူးကို အခွံခွာ၊ လေးစိတ်စိတ်ပြီး ဆားရည်နဲ့ စိမ်ထားတယ်။ ကြက်သားနူးခါနီးရင် အာလူးရောထည့်ချက်ပြီး အပေါ့အငံမြည်း၊ အရသာအနေတော်ဖြစ်ပြီး ကြက်သားရော အာလူးပါနူးရင် ရပါပြီ။ 

ငါးပိရည်လေးဖျော်၊ ဒညင်းဝက်ကြော်လေးနဲ့ စားကြတယ်။




4 comments:

ချော(အစိမ်းရောင်လွင်ပြင်) said...

ကောင်းလိုက်တဲ့ဟင်း
ငါးရံ့ခေါင်းနဲ့ ဒန့်သလွန်လည်းကြိုက်တယ်
ကြက်သားအာလူးလည်းကြိုက်
ဓညင်းဝက်ကတော့ ကြိုက်မှကြိုက်
ငပိရည်နဲ့လည်း လိုက်မှလိုက်
ဗိုက်ဆာလာပြီ ပြောရင်းနဲ့

Iora said...

ဘာမှမမြင်ရမဖတ်ရခင်ခေါင်းစဉ်တွေ့ ကတည်းကအရမ်းစားချင်လာတာပုံလည်း
တွေ့ ရောချက်ချင်းကိုချက်စားချင်စိတ်ပေါက်လာတယ်။ ဒညင်းဝက်မရှိတော့ပြုတ်ပဲစားရမှာ။ ဒန့် သလွန်သီးကလည်းတစ်ခါပဲရဖူးတယ်။
အိုင်အိုရာ

T T Sweet said...

ဟင်းတွေက ရှယ်ပဲနော်။ အဲလို အဆင်သင့်ချက်ပေးသူရှိရင် သိပ်ကောင်းမှာပဲ။
နေ့စဉ်ဟင်းချက်နေရသော အိမ်ရှင်မတစ်ဦးး)

ဘရဏီ said...

ဟင်းတွေကရှယ်ဘဲနော် ။ငပိရေကြည့် ပြီးတော့သားရေတွေကျသွားတယ်။

Post a Comment

ကျွန်မအတွက် အမှတ်တရစကားလေးတွေ ချန်ထားပေးခဲ့လို့ ကျေးဇူးပါနော်.....

Related Posts Plugin for WordPress, Blogger...