Saturday, January 7, 2012

" ခရုအစပ်ချက် "

ခရုဟင်းစားချင်တာနဲ့ Sheng Siong ကနေ ခရုတွေ ၀ယ်ခဲ့တယ်။ ရေစိမ်ပြီး ရောင်းတဲ့ အရှင်တွေတော့ မ၀ယ်ရဲဘူး။ ဗူးတွေနဲ့ထည့်ပြီး ရေခဲထားတဲ့ သေပြီးသားတွေပဲ ၀ယ်ခဲ့တယ်။

ခရုလေးတွေကို ရေနဲ့ စင်စင်ဆေးပြီး အိုးတစ်လုံးမှာထည့် ပြုတ်ပါတယ်။ ဆူပွက်လာရင် အမြှုပ်လေးတွေ ထပ်ထုတ်ပေးပြီး ပွက်ပွက်ဆူတဲ့ အထိတည်ပေးပါတယ်။ ခရုရပြီဆို အိုးထဲကနေ ဆယ်ပြီး ရေစစ်ထားလိုက်တယ်။ ကြက်သွန်အဖြူနဲ့ အနီကို လှီးပြီး နှုတ်နှုတ်စင်းထားတယ်။ ငရုတ်သီးစိမ်းကို ပါးပါးလှီး၊ ပင်စိမ်းရွက်လေးတွေ ရေဆေးထားတယ်။ မီးဖိုပေါ်ဆီအိုးတင်၊ ဆီပူရင် ကြက်သွန်ဖြူနီထည့်၊ အရောင်တင်မှုန့်ထည့်ပြီး ဆီသတ်တယ်။ ကြက်သွန်ကျက်ပြီး မွှေးလာရင် ခရုထည့်၊ ငံပြာရည်နဲ့ အချိုမှုန့် ထည့်လုံးတယ်။ ရေနွေးလေးနည်းနည်း ထည့်ပြီး တည်ပေးတယ်။ ရေခန်းပြီး ဆီပြန်ရင် ငရုတ်သီးစိမ်းထည့်၊ ပင်စိမ်းထည့်ပြီး မီးပိတ်လိုက်တယ်။ ဒါဆို ခရုအစပ်ချက်လေးရပြီ။
 



4 comments:

Shinlay said...

ငယ်ငယ်က စားဖူးတယ်။ တခါတလေ စားကြည့်ချင်သေးတယ်။
ဒီမှာလည်းခရုတွေရောင်းတာတွေ့ တယ်။

မိစံ said...

ခရုဆို..မြန်မာပြည်က
လယ်ခရုပဲစားဘူးတား)
ချက်ထားတာလေးကလည်း
စားချင်စရာနော်

နှစ်သစ်မှာ.
ချမ်းမြေ့ပျော်ရွှင်ပါစေရှင်

ချော(အစိမ်းရောင်လွင်ပြင်) said...

ပန်းကန်လေးကလည်းလှ
ချက်ထားတာလေးကလည်း စားချင်စရာ..
ညသန်းကောင် ဗိုက်တောင် ဆာသွားရပြီး)

mstint said...

တီတင့်သားနှစ်ယောက်ရဲ့ အနှစ်သက်ဆုံးအစာတွေထဲမှာပါတယ်
ပါရမီဖြည့်ဖက်လေးရေ။ အားပေးသွားတယ်နော်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

Post a Comment

ကျွန်မအတွက် အမှတ်တရစကားလေးတွေ ချန်ထားပေးခဲ့လို့ ကျေးဇူးပါနော်.....

Related Posts Plugin for WordPress, Blogger...