Thursday, October 20, 2011

"ရန်ကုန်အိမ်ကပို့တဲ့ စားစရာများ"

ဒီရက်ပိုင်း ဘာမှလည်း မချက်မပြုတ်ဘဲ ဇိမ်ကျနေတယ်။ ညစာအတွက် ထမင်းဆိုင်လည်း မသွားဘူး။ ဘာမှမစားကြဘူးလား လို့ မမေးနဲ့နော်။ ကျွန်မ မောင်ဝမ်းကွဲလေး ကျောင်းပိတ်လို့ ရန်ကုန် ခဏပြန်သွားတာ၊ ပြန်လာတော့ အိမ်ကလူတွေက စားစရာတွေထည့်ပေးလိုက်လို့၊ အဲဒါလေးတွေနဲ့ စားနေတာ။ 

ဟောဒါက ငါးကျီးကြော်။ အိမ်ကကြော်ပေးလိုက်တုန်းက အဖြူထည်လေးပါ။ တစ်ဝက်စားပြီးမှ ကျန်တဲ့တစ်ဝက်ကို ဆီနဲ့ နည်းနည်းပြန်နွေးတယ်။ ကြက်သွန်ဖြူနီဆီသတ်ပြီး ငရုတ်သီးလုံးကွဲလေးထည့်။ ငါးထည့်ရောပြီး ငါးဆူဆီပြန်လုပ်လိုက်တယ်။ 



ဒါလေးကတော့ ကျွန်မအကြိုက် ငါးသလဲထိုးကြော်။ ဒီဗူးနဲ့ အပြည့်ပါတယ်။ ကျွန်မရဲ့ စာရေးဆရာကတော့ ပြောတယ်၊ ထမင်းနဲ့ စားတာနည်းနည်း၊ ငါးကြော်ချည်း နှိုက်စားတာများများတဲ့။ တတ်နိုင်ဘူးလေ။ ကြိုက်တာကို။ အိမ်မှာတုန်းကဆို အဘွားကကြော်ပြီးရင် ကျွန်မ မမြင်အောင်ဖွက်ထားရတယ်။ မဟုတ်ရင် ဒီအတိုင်း စားတာနဲ့ ထမင်းစားချိန်ဆို ဘာမှမကျန်တော့ဘူး။




ဒါက ၀က်သားကြော်။ ကျွန်မအမေကိုယ်တိုင် ကြော်ပေးလိုက်တာ။ ဒီမှာ ၀က်သားဝယ်ပြီး အမေကြော်သလို လိုက်ကြော်ပေမယ့် မတူဘူး။ ၀က်သားမတူလို့ဖြစ်မယ်။ ကိုယ်ကြော်တာ မတတ်လို့တော့ မဖြစ်နိုင်ဘူး။


တခြားစားစရာတွေကတော့ လက်ဖက်၊ သရက်သီးသနပ်၊ ဂျင်းသုပ်၊ ဆတ်သားခြောက် စတာတွေပေါ့။ ရယ်ဒီမိတ်တွေ ဆိုတော့ နောက်မှ အေးအေးဆေးဆေးစားမယ်ဆိုပြီး သိမ်းထားတယ်။ အဲဒီ ပုံတွေတော့ ပြတော့ဘူးနော်။

5 comments:

Cameron said...

အိမ်နဲ့ဝေးနေချိန် ကိုယ့်ပြည်ကိုယ့်ရွာနဲ့ဝေးနေချိန်မှာ ဒီအစားစာတွေဟာ ရွှေပဲဗျို့....။

ချော(အစိမ်းရောင်လွင်ပြင်) said...

ငါးကျည်းငါးခူ၊ ငါးသလဲထိုး အိုး စားချင်စရာတွေချည်းပါလား။
ညသန်းကောင်လာကြည့်တာ သွားရည်ကျသွားတယ်.

mstint said...

မြန်မာအစားအစာတွေရောက်လာတိုင်း ရပ်ဝေးရောက်နေတဲ့သူတိုင်းရဲ့ ကြည်နူးမှု ပျော်ရွှင်မှုတို့ရဲ့ ခံစားချက်အတိုင်းအတာကို ခန့်မှန်းမိပါတယ် ပါရမီဖြည့်ဖက်လေးရေး)(တီတင့်သားကိုပမာနှိုင်းပြီးခံစားမိတာ)
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

မြူးမြူး said...

ငါးခူကြော်လေး စားချင်လိုက်တာ.. မစားရတာကြာပြီ.. ဆီပေါက်လွန်းလို့ မကြော်ရဲဘူးလေ..း)

အမ်တီအန် said...

စားချင်စရာတွေချည်းပဲ..။
ငါးသလဲထိုးကြော်လေးအရမ်းကြိုက်တယ်။

Post a Comment

ကျွန်မအတွက် အမှတ်တရစကားလေးတွေ ချန်ထားပေးခဲ့လို့ ကျေးဇူးပါနော်.....

Related Posts Plugin for WordPress, Blogger...