Thursday, July 17, 2014

"လွယ်လွယ်နဲ့မြန်မြန် ငါးပဲငံပြာရည်အချိုပေါင်း နဲ့ ခရမ်းချဉ်သီးငါးပိချက်"

လွယ်လွယ်နဲ့ မြန်မြန်စားလို့ရတဲ့ ငါးပဲငံပြာရည်အချိုပေါင်းလေးပါ။ ကကတစ်ကိုပေါင်းရင်တော့ ပိုကောင်းတာပေါ့။ ကျွန်မကတော့ Seabass နဲ့ပေါင်းထားပါတယ်။ 

ငါးကို အရွယ်တော်တုံး၊ ရေနဲ့စင်ကြယ်အောင်ဆေးပြီး ဆား၊ ပဲငံပြာရည် အကြည်ရည်၊ အနောက်ရည်၊ (အချိုမှုန့်သုံးလျှင်ထည့်ပါ) တို့နဲ့ နယ်နှပ်ထားပါတယ်။ 
ချင်းနဲ့ ကြက်သွန်ဖြူကို ခပ်ပါးပါးအချောင်းလိုက်လေးတွေလှီးဖြတ်ပါတယ်။ ကြက်သွန်နီကို ထက်ခြမ်းခြမ်းပြီး အကွင်းလိုက်လှီးပါတယ်။
ဒယ်အိုးထဲမှာ ဆီအနည်းငယ်ထည့်၊ လှီးထားတဲ့ အစာတွေဖြန့်ခင်း ထည့်ပါတယ်။ ကြက်သွန်တွေ အပေါ်ကနေ ငါးကို အစီအရီထည့်ပြီး ရေအနည်းငယ်ထည့်ပါတယ်။ အိုးကို အဖုံးဖုံးပြီး မီးငွေ့ငွေ့နဲ့ဆီပြန်အောင် တည်ပေးပါတယ်။ ဆီပြန်ရင် ငါးပဲငံပြာရည်အချိုပေါင်းလေးရပါပြီ။






ငါးဟင်းကအချိုပေါင်းလေးဆိုတော့ ခရမ်းချဉ်သီးငါးပိချက်လေးနဲ့ တွဲဖက်လိုက်ပါတယ်။ ခရမ်းချဉ်သီးငါးပိချက် ကိုတော့ ဒီမှာ ရေးဖူးပါတယ်။





ပါရမီဖြည့်ဖက်လေး
၂၂း၁၃ နာရီ
၁၇.၇.၂၀၁၄

3 comments:

Iora said...

ပျောက်နေတာကြာပြီနော်။
ဒီလိုချက်တော့ကြော်ပြီးနှပ်တာထက်အညှော်သက်သာလူသက်သာမယ်နော်။
စမ်းကြည့်အုန်းမယ်။
အိုင်အိုရာ

ပါရမီဖြည့်ဖက်လေး said...

ဟုတ်တယ် အစ်မရေ၊ အလုပ်မအားတာကြောင့်ပါ။ အစိမ်းပေါင်းဆိုတော့ ညှော်သက်သာ၊ လူသက်သာတယ်။ စာရေးဆရာကလည်း ကြော်ပေါင်းထက် အစိမ်းပေါင်းကိုကြိုက်တယ်လေ။ :)

saunghninhninphyu said...

ဟင်းခတ်မှုန့်ကဘယ်ဟာကိုပြောတာလည်းဟင် ကြက်သားမှုန့် ကိုပြောတာလား ညီမကအခုမှဟင်းစချက်မှာဆိုတော့မသိလို့ ပါ ဘယ်ဟင်းခတ်မှုန့် ကပိုကောင်းလည်းဆိုတာပြောပြပေးပါဦးနော်

Post a Comment

ကျွန်မအတွက် အမှတ်တရစကားလေးတွေ ချန်ထားပေးခဲ့လို့ ကျေးဇူးပါနော်.....

Related Posts Plugin for WordPress, Blogger...