ဒီတစ်ခါတော့ ၀က်နံရိုးကို ကုလားပဲလေးနဲ့ ချက်စားဖြစ်တယ်။ ၀က်နံရိုးတွေကို ရေဆေးပြီး ပဲငံပြာရည် အကြည်၊ အနောက်နှစ်မျိုးလုံးနဲ့ ရောနယ်ထားတယ်။ ကုလားပဲကို ရေဆေးပြီး အိုးတစ်လုံးထဲထည့်၊ ရေထည့်ပြီး ပဲတွေနူးခါနီးအထိ ကြာကြာလေးပြုတ်ပေးပါတယ်။ ကြက်သွန်ဖြူနီဂျင်း ရောထောင်းပါတယ်။ အားလုံး အဆင်သင့်ဖြစ်ရင် အိုးတစ်လုံးမှာ ဆီအနည်းငယ်ထည့်ပြီး ကြက်သွန်ထောင်းထားတာနဲ့ ငရုတ်သီးအရောင်တင်မှုန့်ရောပြီး ဆီသတ်ပါတယ်။ ကြက်သွန်လေးတွေ မွှေးလာရင် ၀က်နံရိုးထည့်လုံးပါတယ်။ အပေါ့အငံပြင်ပါတယ်။ ၀က်သားချက်ရင် ကျွန်မကတော့ ပဲငံပြာရည်ပဲသုံးပါတယ်။ ငါးငံပြာရည် မသုံးပါဘူး။ နံရိုးကထွက်တဲ့ရေခန်းလို့ ဆီပြန်ရင် ကုလားပဲအိုးထဲကို ဆီသတ်ထားတာတွေ ရောထည့်ပြီး တည်ပေးပါတယ်။ ရေလိုရင် ရေနွေး ထပ်ဖြည့်ထည့်ပါတယ်။ ၀က်နံရိုးလည်းနူး ပဲလည်းနူးပြီဆို ၀က်နံရိုးကုလားပဲဟင်းလေးရပါပြီ။
လွမ်းရယ်မပြေ.....
-
တက္ကသိုလ်ကျောင်းနဲ့ ဝေးကွာနေပြီဖြစ်ပေမယ့်
ကျောင်းတော်ကြီးအနားပတ်ဝန်းကျင်ရှိတဲ့ လမ်းမတွေကို နေ့စဉ်ဖြတ်သန်းနေရတော့
ကျောင်းဆောင်တွေ စိန်ပန်းပင်တွေ အထူးသ...
9 hours ago