Tuesday, August 7, 2012

'' ဂဏန်းမဆလာဟင်း "

မနေ့က အလုပ်နားရက်မှာ စာရေးဆရာရဲ့ မိဘများနေအိမ်ကို သွားလည်ပါတယ်။ ညနေပိုင်း အိမ်ပြန်ခါနီး  ဂဏန်းတွေသေပြီးခါစ လတ်လတ်ဆတ်ဆတ်လေးတွေ လိုက်ရောင်းနေတာနဲ့ ကြုံတော့ ကျွန်မလည်း ၀ယ်လာခဲ့တယ်။ ကျွန်မက ဂဏန်းမဆလာချက် သိပ်ကြိုက်တယ်။ အများအားဖြင့် ဂဏန်းဆို ချက်ပြီးသား ဆိုင်က ၀ယ်စားတာများတယ်။ 

အိမ်ရောက်တော့ ဂဏန်းချက်ဖို့ပြင်ပါတယ်။ ဂဏန်းတွေကို ရေဆေးပြီး ရင်ဘတ်ခြမ်းက အပြင်ခွံလေးတွေ အရင်ခွာပါတယ်။ ပြီးမှ ဂဏန်းရဲ့ အောက်ပိုင်းကနေနှစ်ခြမ်းခွဲလိုက်တယ်။ အပေါ်က အခွံမာတစ်ခြမ်း၊ အောက်က ကိုယ်ထည် တစ်ခြမ်းစီဖြစ်သွားတော့မှ အတွင်းပိုင်းက အတက်လေးတွေ ခွာထုတ်တယ်။ လက်မတွေကို သီးခြားဖြုတ်ပြီး ငရုတ်ကျည်ပွေ့နဲ့ တစ်ချက် နှစ်ချက် ထုလိုက်တယ်။ ရေဆေးသန့်စင်လိုက်တယ်။ ပြီးတော့ ဆား၊ ဆနွင်း၊ အချိုမှုန့် နယ်ထားတယ်။ အခုနက ဖြုတ်ထားတဲ့ ကျောပိုင်း(အပေါ်ပိုင်း) အခွံမာထဲက အညစ်အကြေးကိုထုတ်ပစ်ပြီး အဆီလေးတွေကို ပန်းကန်တစ်ချပ်မှာ ဖယ်ယူထားတယ်။ အခွံမာကို ပစ်လိုက်တယ်။

ကြက်သွန်ဖြူနဲ့ ဂျင်းကို ညက်ညက်ထောင်းလိုက်တယ်။ ကြက်သွန်နီကို အနှစ်ရအောင် သဘောင်္ခြစ်နဲ့  ခြစ်ထားလိုက်တယ်။ ဆီအိုးတည်ပြီး ပူလာရင် ဆနွင်းလေး နည်းနည်းထည့်ပြီး  ကြက်သွန်ဖြူနီဂျင်းကို ရောပြီး ငရုတ်သီးအစိမ်းမှုန့်နဲ့ ဆီသတ်တယ်။ ကြက်သွန်ကျက်ပြီး ဆီသတ်နံ့မွှေးရင် မဆလာများများလေးထည့်ပြီး ဆီသတ်တယ်။ တဆက်တည်း အရသာနယ်ထားတဲ့ ဂဏန်းတွေထည့်လုံး၊ အပေါ့အငံထည့်၊ ရေလိုသလောက်ထည့်ပြီး အဖုံးအုပ်တည်ပါတယ်။ ဂဏန်းကျက်ပြီး အရသာ အနေတော်ဆို မဆလာနဲ့ ငရုတ်ကောင်းမှုန့်လေးအုပ်ပြီး ဟင်းအိုးချလို့ရပါပြီ။ ပင်စိမ်းလေးအုပ်ရင် ပိုမွှေးတယ်။ ကျွန်မကတော့ အဆင်သင့်မရှိလို့ မထည့်လိုက်ရဘူး။

ဟောဒီမှာ ဂဏန်းမဆာလာဟင်း




3 comments:

mstint said...

မတွေ့တာကြာပေါ့ ပါရမီဖြည့်ဖက်လေးရေ။ ဂဏန်းမဆလာဟင်း ချက်နည်းလေး မှတ်သားသွားတယ် ကျေးဇူးနော်။ တီတင့် ဂဏန်းဟင်းမချက်တတ်လို့း)
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

Aunty Oo said...

စားချင်လိုက်တာ။ဒီမှာကအရှင်တွေဘဲများလို.မစားရဘူး။ကြုံတုံးအဝစားသွားပြီ။

သိင်္ဂါကျော် said...

ဂဏန်း မဆလာ မစားရတာ အတော်ကြာပေါ့..
သွားရေ ကျသွားပါတယ်..

Post a Comment

ကျွန်မအတွက် အမှတ်တရစကားလေးတွေ ချန်ထားပေးခဲ့လို့ ကျေးဇူးပါနော်.....

Related Posts Plugin for WordPress, Blogger...