Sunday, January 15, 2012

" ထမင်းကြော် "

ဟိုတစ်ရက်ကတော့ ဟင်းတွေ မစားချင်တာနဲ့ နှစ်ယောက်သား ထမင်းကြော် ကြော်စားကြတာ။

ထမင်းချက်ထားတာကို အအေးခံပြီး ဆား၊ အချိုမှုန့်နဲ့ နယ်ထားတယ်။ ၀က်သားကို ခပ်သေးသေးတုံးပြီး အိုးထဲမှာ ရေလေးနဲ့ ပြုတ်လိုက်တယ်။ ဒယ်အိုးထဲမှာ ဆီထည့်ပြီး ကြက်ဥကို ကြော်တယ်။ ပြီး ရင် ကြက်ဥမွှေကြော်ကို ပန်းကန်နဲ့ ခပ်ထားလိုက်တယ်။ ဒယ်အိုးထဲမှာ ကြက်သွန်နီဆီသတ်၊ ပြီးရင် ပြုတ်ထားတဲ့ ၀က်သားလေးတွေ ထည့်ကြော်တယ်။ မုန်လာဥနီ၊ ပြောင်းဖူးနဲ့ ပဲသီး လှီးထားတာ ထည့်ကြော်တယ်။ အသီးအရွက်ရရင် ထမင်းထည့်ကြော်တယ်။ ဆား အနည်းငယ်၊ အချိုမှုန့်အနည်းငယ်နဲ့ ခရုဆီထည့်ပါတယ်။ အပေါ့အငံမြည်း အနေတော်ဆို ကြက်ဥမွှေကြော်တွေပါ ထည့်ရောမွှေကြော်ပါတယ်။ ဒါဆို ထမင်းကြော် ရပါပြီ။



5 comments:

Evy said...

စားချင်စရာလေး

mstint said...

ထမင်းကြော်ထားပုံလေးကစားချင်စရာမို့
အသားကိုပြောင်းပြီးအစားထိုးအားပေးသွားတယ်ပါရမီဖြည့်ဖက်လေးရေး)
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

အမ်တီအန် said...

အဲ့ဒီလို ထမင်းကြော်မျိုး အရမ်းနှစ်သက်တယ်။
ကြက်သွန်အချဉ်လေးနဲ့တွဲစားလိုက်ရင် ရှယ်ပဲ..။

ချော(အစိမ်းရောင်လွင်ပြင်) said...

ထမင်းကြော်လည်းကြိုက်တယ်
ပန်းကန်ပြားလေးလ ည်းကြိုက်တယ်
ချစ်စရာလေး

အင်ကြင်းသန့် said...

ထမင်းကြော်နည်းလေး လာကြည့်သွားတယ်။ ကြော်တော့စားဖူးတယ်။ ဒီလို အစီအစဉ်တကျမဟုတ်ဘဲနဲ့ ဟိုဟာထည့်ဒီဟာထည့် အကုန်ပစ်ထည့်ပြီးကြော်ပစ်လိုက်တာ။ အခုလို စနစ်တကျ ပြန်ကြော်စားကြည့်ဦးမယ်။ ကျေးဇူးပဲ။

Post a Comment

ကျွန်မအတွက် အမှတ်တရစကားလေးတွေ ချန်ထားပေးခဲ့လို့ ကျေးဇူးပါနော်.....

Related Posts Plugin for WordPress, Blogger...