Thursday, June 2, 2011

"ငါးပတ်ဆီပြန်"

ပြီးခဲ့တဲ့ ရုံးပိတ်ရက်လေးမှာတော့ ငါးပတ်ဟင်းလေး ချက်စားဖြစ်တယ်။ မြန်မာဆိုင် ရောက်တာနဲ့ ငါးပတ်သားလေး ၀ယ်ခဲ့တာလေ။ ငါးပတ်သားအတုံးလေးတွေကို ရေစင်အောင်ဆေးပြီး ဆား၊ဆနွင်း၊ အချိုမှုန့် တို့နဲ့ နယ်နှပ်ထားတယ်။ ကြက်သွန်ဖြူ၊ နီ တစ်စုံ ထောင်းလိုက်တယ်။ ခရမ်းချဉ်သီးကို ပါးပါးလေးတွေ လှီးပြီး ငါးပိစိမ်းစား နည်းနည်းနဲ့ နယ်ထားတယ်။ 
မီးဖိုပေါ် ဆီအိုးတင်၊ ဆီပူလာရင် ဆနွင်းလေး နည်းနည်းထည့်သတ်လိုက်တယ်။ ကြက်သွန်ထောင်းထားတာနဲ့ ငရုတ်သီး အစိမ်းမှုန့် ထည့်ပြီး ဆီသတ်တယ်။ ကြက်သွန်ကျက်ပြီး ဆီသတ်နံ့လေး မွှေးလာတော့ ခရမ်းချဉ်သီး တွေထည့်သတ်တယ်။ နာနာလေးမွှေပေးတယ်။ ခရမ်းချဉ်သီးလေးတွေ လိတ်ပြီး ကျက်လာတော့မှ ငါးတွေထည့်၊ ငံပြာရည်ထည့်ပြီး လုံးပေးတယ်။ ငံပြာရည်နံ့ ပျောက်တော့မှ ရေဆူထည့်ပြီး ငါးကျက်တဲ့အထိ တည်ပေးပါတယ်။ ငါးအသားတွေကျက်ပြီး ဆီပြန်လာတော့ နံနံပင်ရေဆေးထားတာလေး အုပ်လိုက်တယ်။ ဒါဆို စားရန်အဆင်သင့် ငါးပတ်ဟင်းလေး ရပါပြီနော်။

 ငါးပတ်သားဆီပြန်လေး

 
ဟောဒါက ငါးတွေကျက်အောင် တည်ပေးနေတာ


ဒီလိုဗူးလေးနဲ့ထည့်ပြီး ရေခဲသေတ္တာထဲထည့်ထားတော့ နောက်ရက်တွေလည်း စားလို့ရတယ်


4 comments:

Angelhlaing(May everybody be happy and healthy! said...

စားချင်လိုက်တာနော်...:)

ချော(အစိမ်းရောင်လွင်ပြင်) said...

ထမင်းဖြူနဲ့ နယ်စာချင်လိုက်တာ
တကယ်စားချင်စရာ

သက်တန့်ချို said...

ရသာချိုရဲ့ ငါးပတ်ဆီပြန်လေးကို သက်တန့်ချိုလာမြည်းသွားပါတယ် :)

rose said...

ပါရမီဖြည့်ဖက်လေးရေ... ပျောက်နေတာ ကြာလို့ သတိရနေတယ်နော်။ အလုပ်တွေ မအားဘူးနဲ့ တူတယ်။

Post a Comment

ကျွန်မအတွက် အမှတ်တရစကားလေးတွေ ချန်ထားပေးခဲ့လို့ ကျေးဇူးပါနော်.....

Related Posts Plugin for WordPress, Blogger...