Sunday, May 15, 2011

"ဘဲသားဆီပြန်ဟင်း"

စာရေးဆရာက ဘဲသားစားချင်တယ်ဆိုတာနဲ့ မနေ့က Wet Market သွားတော့ ဘဲသားဝယ်ဖြစ်တယ်။ ဈေးသည်က တစ်ကောင်လုံးထည့်ချိန်ပြီး 1kg ကို S$7 တဲ့။ 3Kg ရှိတယ်။ S$20  ပဲပေးပါဆိုပြီး ဈေးတွေလျှော့ပေးနေလို့ မနည်းပြောယူရတယ်။ ကျွန်မတို့နှစ်ယောက်တည်း ဘဲတစ်ကောင်ကို ဘယ်နှစ်ရက် စားရမှာလဲနော်။ ဒီတော့ တစ်ခြမ်းပဲ ၀ယ်ခဲ့တယ်။ တကယ်တော့ တစ်ခြမ်းတောင် တော်တော်စားရပါတယ်။

ဘဲသားကို ဆိုင်ကတုံးပေးလိုက်တာ နည်းနည်းကြီးနေလို့ နည်းနည်းထပ်တုံးလိုက်တယ်။ ပြီးမှ ရေစင်အောင်ဆေးပါတယ်။ ရေစစ်ပြီး ပဲငံပြာရည် အကြည်၊ အနောက်၊ အချိုမှုန့်၊ ဆား၊ မဆလာတို့နဲ့ နယ်ထားလိုက်တယ်။ ကြက်သွန်ဖြူ၊ နီ၊ ဂျင်း ထောင်းပါတယ်။ မီးဖိုပေါ် ဆီအိုးတင်၊ ဆီပူလာရင် ဆနွင်းလေး နည်းနည်းထည့်လိုက်တယ်။  ပြီးမှ ထောင်းထားတာတွေနဲ့ ငရုတ်သီး အစိမ်းမှုန့်ထည့်ပြီး ဆီသတ်ပေးပါတယ်။ ဆီသတ်နံ့မွှေးလာတော့ နယ်ထားတဲ့ ဘဲသားတွေထည့်ပြီး လုံးပေးပါတယ်။ ငံပြာရည်၊ အချိုမှုန့်နဲ့ မဆလာလေးပါ ထည့်လုံးပါတယ်။ ဘဲသားကထွက်တဲ့ အရည်ခန်းအောင် လုံးပြီး ဆီပြန်လာမှ ရေနွေးဆူ ထည့်ပြီး တည်ပေးပါတယ်။ ရေခန်းပြီး အသားနူးရင် အပေါ့အငံမြည်းပြီးပြင်ပါတယ်။ အသားလည်းနူး၊ အရသာလည်း အနေတော်ဆိုရင်တော့ မဆလာလေး နည်းနည်း ထပ်အုပ်ပါတယ်။ ဒါဆို ဘဲသားဆီပြန်ဟင်းလေးရပြီပေါ့နော်။

ဟောဒီမှာ ဘဲသားဟင်း အိုးလိုက်


စားဖို့ပွဲပြင်ထားတာ



ကျန်တာလေးတွေကို နောက်ရက်စားဖို့ ဟောဒီလိုဘူးလေးနဲ့ ထည့်ပြီး ရေခဲသေတ္တာထဲ ထည့်ထားတယ်။

3 comments:

MeerKat said...

အစ်မရေ သွားရည်တွေထိန်းလို့ မရတော့ဘူး

rose said...

ရို့စ် ဘဲသား သိပ်ကြိုက်တယ် ပါရမီဖြည့်ဖက်လေးရေ။ ဒီမှာတော့ မစားကြတော့ အာရှ ကုန်ဆုံဆိုင်တွေမှာ အရမ်း ဈေးကြီးပေး ၀ယ်ရတယ်။ ပါရမီဖြည့်ဖက်လေး ချက်ထားတဲ့ ဘဲသားဆီပြန်ဟင်းလေးပဲ ရို့စ်ဆီ ပို့ပေးလိုက်နော်။ သရေကျပြီး ပြန်သွားပြီ ခစ်ခစ်း))

ချော(အစိမ်းရောင်လွင်ပြင်) said...

မစားရတာကြာပြီ
ဘဲသားက နည်းနည်းရှားလို့လေ.. ထမင်းလေးနဲ့ ဟင်းအနှစ်နဲ့ နယ်စားရရင် သိပ်ကောင်းမှာဘဲ
အား ဗိုက်ဆာလိုက်တာနော်

Post a Comment

ကျွန်မအတွက် အမှတ်တရစကားလေးတွေ ချန်ထားပေးခဲ့လို့ ကျေးဇူးပါနော်.....

Related Posts Plugin for WordPress, Blogger...