Tuesday, April 5, 2011

"ပျော်ရွှင်ဖွယ် ပင်လယ်ခရီးစဉ်"

ကျွန်မဘလော့လေးကို လှည့်မကြည့်နိုင်တာ တစ်လနီးပါးဖြစ်သွားပါပြီ။ အလုပ်များနေလို့ ဘယ်လိုမှ အချိန် မရတာကြောင့် သတိရပေမယ့် လှည့်မကြည့်နိုင်ခဲ့တာပါ။ ဒီကြားထဲမှာ စာရေးဆရာအလုပ်က Project တစ်ခု အောင်အောင်မြင်မြင်နဲ့ ပြီးသွားတာကြောင့် အပန်းဖြေ ခရီးလေးတစ်ခု ပို့ပေးပါတယ်။ ဇနီးတွေပါ လိုက်ခွင့်ရှိတာကြောင့် ကျွန်မလည်း စာရေးဆရာနဲ့အတူ ခရီးထွက်ဖြစ်ခဲ့ပါတယ်။ ပင်လယ် ခရီးပါ။ အဝေးကြီးတော့ မဟုတ်ပါဘူး။ ခရီးစဉ်မှာ ကမ်းလည်း မကပ်ပါဘူး။ ပင်လယ်နက်ထဲ အပျော်သွားတဲ့ သဘောပါ။ မလက္ကာ ရေလက်ကြားဘက်ကို သွားကြတာပါ။ Star Criuses သင်္ဘောနဲ့ သွားကြတာပါ။ သင်္ဘောက Harbour Front ကနေစထွက်ပါတယ်။

ကျွန်မရဲ့ ခရီးစဉ်လေးမှာ အမှတ်တရ ရိုက်ခဲ့တဲ့ ပုံလေးတွေကို မျှဝေပေးလိုက်ပါတယ်။ သင်္ဘောက ၁၂ထပ်ရှိတယ်။ ကျွန်မတို့အခန်းက (၈)ထပ်မှာ ပါ။ သင်္ဘောပေါ်တက်တက်ချင်း (၇)ထပ်ကို ရောက်ပါတယ်။ (၄)ထပ်၊ (၅)ထပ်နဲ့ (၆)ထပ်တွေမှာလည်း လူစီးအခန်းတွေ ရှိပါသေးတယ်။ (၉) (၁၀)နဲ့ (၁၁) ထပ်မှာလည်း အခန်းတွေရှိပါတယ်။ (၁၂)ထပ်မှာ ကတော့ ရေကူးကန်၊ ရေလွှာလျှော၊  ဂေါက်သီး လေ့ကျင့်ကွင်း၊ ဘတ်စကက်ဘောကွင်း၊ စားသောက်ခန်းတွေ၊ Spa တွေ၊ Beauty Salon တွေ၊ Gym တွေ၊ Library၊ Club တွေရှိပါတယ်။ ကျွန်မတို့တည်းတဲ့ (၈)ထပ်မှာကတော့ ရုပ်ရှင်ရုံနဲ့ Photo Galleryရှိပါတယ်။ (၇)ထပ်မှာက စားသောက်ဆိုင်တွေ၊ ကာရာအိုကေခန်းတွေ၊ အ၀တ်အထည်နဲ့ လက်ဝတ်ရတနာဆိုင်တွေ၊ Child Care Centre၊ Game Centre ၊ Casino တွေ ရှိပါတယ်။ (၄)ထပ်မှာကတော့ Medical Centre ရှိပါတယ်။

ကျွန်မတို့သင်္ဘောပေါ်တက်တာနဲ့ ကျွန်မတို့ရဲ့ Passport နဲ့ ID တွေကို သင်္ဘောကုမ္ပဏီက သိမ်းထားလိုက်ပြီး ကျွန်မတို့နာမည်နဲ့ အခန်းနံပါတ်ရိုက်ထားတဲ့ Access Card တစ်ကဒ်စီပေးပါတယ်။ အဲဒီ ကဒ်နဲ့ပဲ ကျွန်မတို့ အခန်းတွေကို ၀င်ထွက်လို့ရသလို၊ စားသောက်ခန်းတွေမှာလည်း အဲဒီကဒ်ပြပြီး စားလို့ရပါတယ်။ ဈေးဝယ်ချင်ရင်လည်း အဲဒီကဒ်ကိုပဲ Credit Card သဘောမျိုး အသုံးပြုပြီး ဈေးဝယ်လို့ ရပါတယ်။ ဈေးဝယ်ထားသမျှ ကျသင့်ငွေကိုတော့ သင်္ဘောပေါ်က ပြန်ခါနီးမှာ ဧည့်ကြိုကောင်တာမှာ ပြန်ရှင်းပေးရပါတယ်။

အစားအသောက်အတွက်ကတော့ တရုတ်စာနဲ့ အနောက်တိုင်းစာ စားချင်ရင် (၆)ထပ်မှာ စားနိုင်ပြီး၊ (၁၂)ထပ်မှာကတော့ International Buffet စီစဉ်ပေးထားပါတယ်။ Access Card ပြပြီး ၀င်စားလို့ရပါတယ်။ Breakfast, Morning Tea, Lunch, Afternoon Tea, Dinner အပြင် Supper ပါစားနိုင်အောင် စီစဉ်ပေးထားပါတယ်။ အဲဒါတွေမှ မစားချင်ရင်တော့ တခြားဝယ်စားစရာ စားသောက်ဆိုင်တွေကလည်း ဂျပန်ဆိုင်၊ အီတလီဆိုင်၊ အိန္ဒိယဆိုင် အစုံပါပဲ။

တခြား ဖျော်ဖြေရေးအနေနဲ့ ဂိမ်းကစားပွဲတွေ၊ သီချင်းဆိုပြိုင်ပွဲတွေ၊ မျက်လှည့်ပွဲတွေ၊ ပဟေဠိပြိုင်ပွဲတွေ၊ အစားအသောက်ချက်ပြုတ်နည်း သရုပ်ပြပွဲ စတာတွေကို အထပ်တိုင်းမှာ အချိန်တိုင်းအလှည့်နဲ့ စီစဉ် ပေးထားပါသေးတယ်။


ဟောဒါကတော့ သင်္ဘောပေါ်ရဲ့ ရှစ်ထပ်မှာပါ။ ကျွန်မတို့က ဓါတ်လှေခါးနဲ့တက်လာပါတယ်။


ဟောဒီလှေကားကနေတက်လို့လည်းရပါတယ်


ဓါတ်လှေကားကထွက်ပြီး ညာဘက်ကိုကွေ့ဝင်လိုက်ရင်တော့ ကျွန်မတို့တည်းတဲ့ အခန်းဆီသွားတဲ့လမ်းပါ


ကျွန်မတို့အခန်းလေးရောက်ပါပြီ








ဒါကတော့ ၁၂ထပ်မှာပါ။ ရေကူးကန်ဘေးတစ်ဘက် တစ်ချက်စီမှာ ညစာစားရင်း သီချင်းနဲ့ ဖျော်ဖြေတာကို လည်း နားထောင်လို့ ရပါတယ်။




ရေလွှာလျှောစီးချင်သူများအတွက်


သူတို့တွေကလည်း ဟောဒီလို အကလေးတွေနဲ့ဖျော်ဖြေကြပါသေးတယ်။ သီချင်းလေးနဲ့ ကပုံလေးက တော်တော်မြူးပါတယ်။




ဟောဒါကတော့ ကျွန်မတို့သဘောင်္မထွက်မီ ကုန်းပေါ်ကို ပြန်မြင်နေရတဲ့ မြင်ကွင်းပါ။ ဘေးမှာ တခြား သင်္ဘောတစ်စီးလည်း ရပ်ထားပါသေးတယ်






ဟောဒါက Sentosa ဘက်ကို လှမ်းမြင်နေရတာပါ


ဟောဒါကတော့ ကျွန်မတို့စီးသွားတဲ့ သင်္ဘောကြီးကို ညဘက်ရိုက်ထားတာပါ


မနက်မိုးလင်းတော့ ပင်လယ်နက်ထဲရောက်နေပါပြီ။ သင်္ဘောရဲ့အပေါ်ဆုံး ၁၂ထပ်က ရေကူးကန်လေး မြင်ကွင်းပါ။


ဘေးနားကဖြတ်သွားတဲ့ ကွန်တိန်နာသင်္ဘောကြီး


သင်္ဘောရဲ့ဦးပိုင်းမှာပါ



ကျွန်မတို့တည်းတဲ့ (၈)ထပ်နဲ့ ဧည့်ကြိုကောင်တာရှိရာ (၇)ထပ်ကြားက အတက်အဆင်းလေးပါ။







ဧည့်ကြိုကောင်တာပါ။ ကောင်တာကိုမမြင်ရဘူး။ ပန်းအိုးကြီးနဲ့ ကွယ်နေတယ်။
 


ဧည့်ကြိုကောင်တာရဲ့ အပေါ်တည့်တည့် (၈)ထပ်က ဘား။


ကလေးပါလာတဲ့ ခရီးသည်တွေအတွက် ကလေးထိန်းပေးတဲ့ Child Care Centre


Game ၀ါသနာရှင်များအတွက် Game Centre ပါ။ Casino လည်းပါသေးတယ်။ ဓါတ်ပုံရိုက်ခွင့် မပြုလို့ မရိုက်ခဲ့ရဘူး။



တိတ်ဆိတ်ငြိမ်သက်နေတဲ့ ပင်လယ်ထဲကညမှာ လှပနေတဲ့ ရေကန်လေး



ကမ်းပေါ်ပြန်ရောက်တဲ့နေ့ သင်္ဘောကြီးကို ကုန်းပေါ်ကနေပြန်ရိုက်ထားတာ


6 comments:

rose said...

သြော်... ပါရမီဖြည့်ဖက်လေး ပျောက်နေတာ ခရီးထွက်နေတာကိုး။ ကောင်းတယ်။ စိတ်တွေ ပေါ့ပါး ရွှင်လန်းသွားတာပေါ့း) မုန့်ဝယ်ခဲ့လား။

Angelhlaing(May everybody be happy and healthy! said...

ဝါးးးး ပျော်စ၇ာကြိးပဲ နေမှာနော်....မမ။

ချော(အစိမ်းရောင်လွင်ပြင်) said...

သေဘာၤကအၾကိီးၾကီးဘဲ..
မသိရင် ဟိုတယ်လိုလို စားသောက်ဆိုင်ကြီးလိုလိုနဲ့
သိပ်ပျော်ခဲ့မယ်ထင်တယ်နော် အတွေ့အကြုံသစ်နဲ့ စိတ်ရွှင်လန်းစရာတွေပေါ့။
ပြန်ရောက်ပြီဆိုတော့ ဟင်းတွေ ချက်တော့မယ် မဟုတ်လား
မျှော်နေပါတယ်လို့နော်

Baby taster said...

ပျော်စရာကြီး ကိုယ်လည်းထွက်ချင်တယ် ;)

ပွင့်မြုးဇင် said...

ပျောက်နေပါတယ်မှတ်တာ အချစ်နဲ့ခရီးထွက်နေတာကိုး.. ပျော်စရာကြီးနော်.. အားကျတယ်..း)

ဆောင်းနှင်းရွက် said...

ဟာ .. မိုက်တယ် ..
သင်္ဘောကြီးက အကြီးကြီးပဲ ..
ဟိုတယ် လိုပဲ ...
သွားခဲ့ရတာ တော်တော် ပျော်မှာပဲနော် ..း))

ခင်မင်လျှက်
ဆောင်းနှင်းရွက်

Post a Comment

ကျွန်မအတွက် အမှတ်တရစကားလေးတွေ ချန်ထားပေးခဲ့လို့ ကျေးဇူးပါနော်.....

Related Posts Plugin for WordPress, Blogger...